𝙇 𝙊 𝙎 𝙏 PART : 11

5.4K 109 9
                                    

LOST

PART : 11


"မဖြစ်နိုင်တာ"

"မွေ့အမြန်လာပါ။ ဦးလေး မင်းကိုစောင့်နေတယ်။ အမြန်ပြန်လာပေးပါ"

တစ်ဖက်ကကြားလိုက်ရတဲ့ စကားတွေက Sellenရင်ထဲ မကောင်းလှ။ ကိုယ့်ဖေဖေက ဆေးရုံမှာရောက်နေတယ်တဲ့။ ယခုမှ ဖေဖေကိုသိလိုက်ရပြီး သွားတွေ့ရမည့်နေရာက ဆေးရုံမှာတဲ့လား။ တစ်ဖက်ကမမြင်ရပေမဲ့ သူမခေါင်းငြိမ့်ပြီးဖုန်းကိုချလိုက်သည်။ မျက်ရည်တွေကလဲ ခိုင်းစေမှုမရှိဘဲ စီးကျလာပြီး သူမမှာအဖေကိုတွေ့ဖို့ စိတ်လှုပ်ရှားနေခဲ့သည်။

Sellen အခန်းထဲကထွက်လာတော့ မီးဖိုချောင်မှာ မနက်စာပြင်နေတဲ့ သခင့်ကိုတွေ့လိုက်ရသည်။ Sellen အနားကိုသွားလိုက်ပြီး သခင့်ကို ဦးညွှန့်ကာ။

"ညက ကိစ္စအတွက်ကျေးဇူးတင်ပါတယ် သခင်။ Sellenပြန်လိုက်ပါအုံးမယ်"

သခင်ကတော့ Sellen ကိုလှည့်မကြည့်ဘဲ ပြင်ဆင်စရာရှိတာသာ ပြင်ဆင်နေပြီး နောက်ဆုံးချက်ပြုတ်ပြီးသားကို Plating ခင်းကာ သူမကိုစကားပြန်ပြောလိုက်သည်။

"မနက်စာ စားသွား"

"Sellen မဆာပါဘူး။ ကျေးဇူးပါ သခင်။ ကိစ္စလေးရှိလို့ ဒီနေ့တစ်ရက်ခွင့်တိုင်ပါရစေ"

သူ့ခွင့်ပြုချက်တောင် မရသေးဘဲ အလျင်အမြန်ထွက်သွားသော သူမကိုစိတ်တိုသွား၏။ လက်မှာကိုင်ထားသော ဇွန်းကိုပစ်ချလိုက်ပြီး apron ကို‌ဆွဲချွတ်ကာ။

"တောက်စ်"

"ငါပြင်ပေးတဲ့ မနက်စာကိုမစားရအောင် မင်းမှာဘယ်လောက်အရေးကြီးတဲ့ကိစ္စ ရှိလို့လဲ"

စေသနာဖြင့် ချက်ပြုတ်ပြင်ဆင်ထားသည့် မနက်စာကိုသူမက လာတောင်မကြည့်သွားတာမို့ ‌အတော်တော့ခံရခက်သား။ ထို့နောက် ဆက်လုပ်ဖို့လဲ စိတ်မပါတော့တာမို့ လင်းရောင်လဲ ကွန်ဒိုမှထွက်လာခဲ့သည်။

Dr ထွက်သွားတော့ Sellen ဦးထင်ကျော်ရဲ့လက်ဖဝါးကို ဖွဖွစုပ်ကိုင်ကာ သက်ပြင်းဖွဖွချသည်။ နဘေးမှာလဲ မိုးမင်းမောင်ကရှိနေပေးတာမို့ သူမအတွက်က အားတက်စရာပါ။

𝙇𝙊𝙎𝙏  Where stories live. Discover now