𝙇 𝙊 𝙎 𝙏 PART : 27

2.7K 49 5
                                    

LOST

PART  27

"ဒါတော့မဖြစ်လောက်ဘူး အထွန်းရဲ့.....တီချယ်က မင်းတို့ကိုတောင် ဒီအတိုင်းကိုယ့်တစ်ရပ်ကွက်ထဲမို့ စေသနာနဲ့သင်ပေးတာ၊ တီချယ်မှာလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့လေ ဖြစ်မယ်မထင်ဘူး"

"လုပ်ပါတီချယ်ရယ်.......သူကသားတို့သူငယ်ချင်းပါ၊ မိဘတွေကသိပ်ချမ်းသာတာ.......အရမ်းအလိုလိုက်တာခံထားရတော့ သူကဖြစ်ချင်တိုင်းဖြစ်ပြီး ပျက်ဆီးနေတာ၊ အခုချိန်ထိလဲ နောက်ဆုံးနှစ်ကိုကျနေတာ ခဏခဏဘဲ"

"ဟုတ်ပါတယ် တီချယ်ရယ်.......ကူညီပါနော်.......သူ့ဒေါ်လေးကတော့တီချယ့်‌ဆီလာပြီးပြောဖို့‌လုပ်ပေမဲ့ သူကအတင်းငြင်းနေလို့ မလာဖြစ်တာတဲ့......လေပြေတို့နဲ့တစ်ဆင့်အကူညီတောင်းတာ"

"လစာလဲထိုက်သင့်သလောက်"

"လစာကိစ္စကို တီချယ်မပြောလိုဘူးလေပြေ........တီချယ်မသင်ချင်တာက တီချယ်လဲကိုယ့်အလုပ်နဲ့ကိုယ်မို့"

"တီချယ်ရယ် ကူညီပါ"


ကလေးနှစ်ယောက်က ခခယယပြောနေတော့ မွေ့လဲဘယ်လိုမှမငြင်းသာ။ မွေ့က Companyတစ်ခုက စာရင်းကိုင်တစ်ယောက်မို့ အလုပ်သွားအလုပ်ပြန်တော့ရှိသည်။ အားလပ်ချိန်ဆိုလို့ ညနေလေးနာရီမှသာ........ကလေးတွေကို ကူညီချင်တော့လဲ မွေ့ဆက်မငြင်းတော့ဘဲ လက်ခံလိုက်မိသည်။ 
_________________

ကြီးမားလှသည့်   အိမ်ကြီးတစ်အိမ်ရှေ့   မွေ့ခြေစုံရပ်မိသည်။ ဒါလေပြေ‌တို့ပြောသည့် အိမ်။    ဒီအိမ်မှာ နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ကို စာပြပေးရမှာဖြစ်လို့   မွေ့တစ်ပတ်လောက်အချိန်ယူကာ   စာတွေပြန်ကြည့်လိုက်ရသေးသည်။ ‌     အဆင်ပြေတာတစ်ခုက ကောင်လေးကသမိုင်းမေဂျာဘဲဖို့ မွေ့အတွက်အခက်အခဲတော့သိပ်မရှိခဲ့ပါ။


အမဲရောင်ခြေညှပ်    ကတ္တီပါ‌လေးထက်၊   ဖြူအုအုခြေထောက်လေးက ဖောင်းဖောင်းကြွကြွ။

ခြေတစ်လှမ်း   လှမ်းလိုက်တိုင်း  ရွှေ့လျားသွားသည့် ပါတိတ်အနားစောင်းစက ဂန္တဝင်စွာလှပ၏။

မွေ့ဆံနွယ်လေးတွေကို  ဖျားလျားချထားတော့ မွေ့ကျောလည်လောက်ထိရှိသည်။  မျက်နှာပြင်ထက်မှာလဲ   သနပ်ခါးမှုန်မှုန်လေးဘဲလူးထားတာမို့ ဖြူဝင်းဝင်းမျက်နှာလေးက  အဝါရောင်အဆင်း။ 


𝙇𝙊𝙎𝙏  Where stories live. Discover now