𝙇 𝙊 𝙎 𝙏 PART : 20

8.9K 122 9
                                    

LOST

PART : 20

ဒီရက်ပိုင်းထဲ အပြင်မထွက်ဖြစ်တာတော်တော်ကြာပြီ။ သခင်လင်းရောင်က လွတ်လပ်ခွင့်တွေ‌ အပြည့်ပေးပြီး ကိုယ့်အပေါ်ကြည်နာပါလျက်နဲ့ ဘာ့ကြောင့်စိတ်တွေကမပျော်နိုင်ဖြစ်နေလဲဆိုတာတော့မသိ။

အိမ့်လေရီဟူသော သခင့်ရဲ့အရင်ဇနီးကိုလဲ ကိုယ့်ရှေ့မှာဘဲတရားဝင်ကွာရှင်းပြသလို အဲ့နေ့မနက်ကဘဲ သခင့်ရဲ့မေမေ ဒေါ်ချယ်ရီလင်းက အိမ်ကနေထွက်သွားသည်။ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကမြန်ဆန်ပေမဲ့ မွေ့ဒီဖြစ်ရပ်တွေကိုအခုထိလက်တွေ့ကျကျမယုံကြည်နိုင်သေးပေ။

အခုလောလောလတ်လတ်တော့ ကိုယ့်ကိုချစ်လှပါချီရဲ့ ကြိုက်လှပါချီရဲ့ဟူဆိုတာ တရားဝင်လက်ထက်ထားသည့် အမျိုးသမီးကိုတောင် ကိုယ့်ရှေ့မှာရဲရဲဝင့်ဝင့်ကွာရှင်းပြရဲတာ နောင်တစ်ချိန်ဒီလိုဖြစ်ရပ်မျိုး ကိုကိုယ်တိုင်ကြုံခဲ့မယ်ဆိုရင်ရော် ဘယ်လိုတောင်ခံစားလိုက်ရမလဲ။

တစ်ခါမှားဖူးတဲ့လူက နောက်တစ်ခါထက်မမှားပါဘူးလို့လဲမပြောနိုင်ဘူးလေ။ ကိုယ့်အလိုကိုလိုက်ပြီး မိဘ‌ကိုရော် ဟိုအမျိုးသမီးကိုရော်ပြစ်ခွာရဲတဲ့ သတိကိုတော့လေးစားစရာဘဲ။ ဒါပေမဲ့ လင်းရောင်အပေါ် မွေ့စိတ်မလည်ချင်ပါ။ ဒါကြောင့်လဲ ဒီနေ့ဒီချိန်ထိ လင်းရောင်အပေါ် မေတ္တာသတ်ဝင်နေကြောင်းမပြသ။

"မိန်းမ"

Breakfast သုံးဆောင်ရန်အတွက် မွေ့ပြင်ဆင်ပေးနေတုန်း လင်းရောင်ကအပေါ်ကနေဆင်းလာပြီး မိန်းမဖြစ်သူခါးကိုဖတ်ကာ ချွဲ့နွဲ့နေသည်။ မွေ့ကတော့လုပ်စရာရှိတာကိုအလုပ်မပျက်ဘဲ သူမနက်စာစားသွားဖို့အတွက်ပြင်ဆင်နေလျက်။

"ကိုယ်မနက်စာမစားတော့ဘူး မိန်းမရဲ့။ ကုမ္ပဏီမှာအစည်းအဝေးရှိလို့ ကိုယ်စောစောသွားမှရမယ်"

"မွေ့စောစောထပြီးပြင်ဆင်ပေးထားရတာလေ။ မစားသွားရင် မွေ့စိတ်မကောင်းဖြစ်မှာကို မစိုးရိမ်တော့ဘူးလား"

"ဟုတ်ပါပြီဗျ။ ကျွန်တော့်အမျိုး‌သမီးလေးစိတ်ကျေနပ်အောင် စားသွားပါ့မယ်ဗျ"

𝙇𝙊𝙎𝙏  Where stories live. Discover now