LOSTPART : 4
မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ပါးလွှာသောဆံမိတ်အောက်မှာ နေရာယူနေရင်း ဦးခေါင်းထက်မှာလဲ ကံ့ကော်ပန်းတစ်ပွင့်ကို လှပစွာပန်ဆင်လျက်။ မြင်မြင်သမျှဟာ မလှပပေမဲ့ ကိုယ့်မျက်ဝန်းထဲမှာတော့ သူမမျက်ဝန်းလေးတွေကဘယ်ချိန်ဘယ်ခါကြည့်ကြည့် ရွှန်းလဲ့တောက်ပနေသည်။
စုတ်တံရှည်ကို ဆေးခွက်တွေပေါ် တင်ထားလိုက်ပြီး ပိတ်ကားပေါ်မှ သူမမျက်နှာလေးကို အတန်ကြာကြာ ငေးနေမိသည်။
"မင်းဘာလို့ အဲ့လောက်တောင် လှရတာလဲ မွေ့ရယ်"
အလှအပတိုင်းကို မနှစ်သက်ပေမဲ့ ယှဉ်လှတဲ့ သူမအလှအပအချိုးအစားကိုတော့ ဒီကောင်ကြီးကြွေလှသည်။
သူမအပေါ်မှာဘယ်လောက်ဘဲ ခံစားချက်ရှ်ိနေနေ သူမစိတ်ဓာတ်နဲ့ သူမအကြောင်းသိထားသူတစ်ယောက်မို့ နာဘေးနားမှာ အသိတစ်ယောက်အနေနဲ့ဘဲ ရှိနေရတာဟာ အင်မတန်ကျေနပ်စရာပါ။
မဟုတ်ရင် ငေးကြည့်နေခွင့်လေးတောင် ဆုံးရှုံးသွားနိုင်သည်။
"ကိုယ်ထင်ထားသလိုဘဲ"
မနေ့က သူမဆီက မက်ဆေ့လေးတစ်ဆောင်ရောက်ရှိလို့လာသည်။ ကျောင်းဆောင်တွေရဲ့အနောက်ဘက်က ရုက္ခဗေဒဥယျာဉ်မှာ တွေ့ဖို့အတွက် ချိန်းစာတစ်ဆောင်ကို မိုးမင်းရရှိထားသည်။ သူမဒီလိုလုပ်မှာကြိုသိထားပေမဲ့ အိမ့်လေရီကြောင့် သူ့ကို လက်ခံတာမျိုးတော့ မိုးမင်းမလိုချင်။
သူမအပေါ်ကို မေတ္တာစစ်ဖြင့် ခံစားချက်ရှ်ိနေတာမို့ သူမဘက်ကလဲမေတ္တာအစစ်အမှန်ကိုသာ သူရချင်မိ။
ဒီနေ့ဟာ မိုးမင်းတို့စာမေးပွဲဖြေဆိုရန် တစ်ရက်သာလိုတော့သည့်နေ့လဲဖြစ်သလို မွေ့နဲ့လဲနှစ်ယောက်ထဲစကားပြောရမဲ့ ပထမဆုံးနေ့ရက်မို့ မိုးမင်းကျောင်းကို မနက် ၇:၀၀နာရီလောက်ကထည်းက ကြိုရောက်နေတာဖြစ်သည်။ ကိုယ်ကဘဲစောနေသလား သူမကဘဲနောက်ကျနေသလားမသိပေမဲ့ သေချာတာတစ်ခုက မိုးမင်းခုံတန်းလေးမှာ ထိုင်စောင့်နေတာအတော်ကြာနေလေပြီ။
"ကိုမိုး"
မွေ့အသံကိုကြားလိုက်ရ၍ လက်ဖျားတွေတောင်အေးစက်သွားရသည်။ ကျွန်တော်တစ်ကယ်ဘဲ ရင်တွေခုန်နေတာလား။ သူမပြောမဲ့စကားတွေကို ကြိုသိနှင့်နေလေလို့လား။
YOU ARE READING
𝙇𝙊𝙎𝙏
Lãng mạnသစ်ရွက်လှုပ်ရင်တောင် ရင်မခုန်တက်တဲ့အရွယ်က မင်းအသံကြားတာနဲ့ ဆောက်တည်ရာမဲ့ကုန်တာ။ Linn Yaung » » » Mwayt Layyee Normal Dark Fic 🔞 Write Date 📝 Wednesday 20/12/2023