LOST
PART : 10🔞
လက်ပတ်နာရီကိုကြည့်တော့ ၁၂နာရီ။
မနက်စာမစားလာတဲ့ Sellenတစ်ယောက် ဗိုက်ကို ဖွဖွပွတ်ရင်း အခန်းအပြင်သို့ခဏထွက်ကြည့်မိသည်။ မည်သူကမှ နေ့လည်စာမစားသေးတာကြောင့် lunch time မရောက်သေးတာသူသိလိုက်။
ထို့နောက် ဖုန်းကိုကောက်ယူကာ အခန်းထဲမှ အသာလေးထွက်လာလိုက်လျင်ဘဲ သူရကသူ့အခန်းရှေ့သို့ရောက်နှင့်နေပြီ။ သူထမင်းသွားခိုးစားမှာကို သိလို့များ ဟိုသခင်ဆိုတဲ့လူက လွတ်လိုက်သလား။
"သခင်လွှတ်လိုက်တာပါ"
သူမ စိတ်ရှုပ်သွားရပြီး ထင်ထားသလိုဖြစ်လာပြီဆိုတော့ သက်ပြင်းချကာ။
"မသွားတော့ဘူးလို့။ စိတ်ပျက်လိုက်တာ။ ထမင်းစားချိန်တောင်မနားရတဲ့ ဘဝ"
"ဘာတွေပြောနေတာလဲ Sellenလေးရဲ့။ သခင်လွှတ်လိုက်တယ်ဆိုတာက Sellenကို နေ့လည်စာစားဖို့ဖိတ်လိုက်တာမဟုတ်ဘူး။ သူဧည့်သည်တွေနဲ့ နေ့လည်စာစားဖို့ရှိလို့ Sellenက အတွင်းရေးမှူးမို့ လိုက်ပေးရမှာ"
"ဘယ်လို ဒါတော့မတရားဘူး Sellenဘာမှမစားရသေးဘူးလေ။ သူစားတာလိုက်ကြည့်ရမှာလား။ ဟူး အဓိပ္ပါယ်မရှိနေဘူး"
"စကားတွေအများကြီးပြောနေမဲ့အစား ကျွန်တော်နဲ့လိုက်ခဲ့လိုက်ပါ။ ကြာနေတာ သခင်မကြိုက်ဘူး"
Sellen မျက်စောင်းထိုးရင်း အခန်းထဲပြန်ဝင်ကာ သခင့်ရဲ့အချိန်ဇယားဖိုင်နဲ့သူမပိုက်ဆံအိတ်ကိုယူပြီး သူရနဲ့အတူတူသခင့်ဆီသွားလိုက်သည်။ ဘယ်တက်နိုင်ပါတော့မလဲ ရောမရောက်ရောမလို ကျင့်ရတာပေါ့။
ပါးစပ်ကလဲ သခင့်ကိုပွစိပွစိပြောရင်း ကျိမ်ဆဲနေပြီ။ သခင့်ကားရှေ့ရောက်တော့ သခင်က ကားအနောက်ထဲမှာ ကွန်ပြူတာတစ်လုံးဖြင့် အလုပ်ရှုပ်နေပုံ။
ကားရှေ့ခန်းမှာတော့ bgနှစ်ယောက်ရှ်ိပြီး ကြည့်ရတာ ကိုယ်က သူ့ဘေးမှာထိုင်ရမည့်ပုံ။ Sellenလဲ အပြောမခံချင်တာကြောင့် သူ့ဘေးမှာလွတ်နေတဲ့ခုံဆီ ဝင်ထိုင်လိုက်သည်။ သူကတော့ Sellenကို တစ်ချက်ကလေးမှလှည့်မကြည့်ပေမဲ့ Sellenရောက်တာသိတာနဲ့ ကားကိုမောင်းခိုင်းလိုက်သည်။
![](https://img.wattpad.com/cover/352160090-288-k20490.jpg)
YOU ARE READING
𝙇𝙊𝙎𝙏
Romanceသစ်ရွက်လှုပ်ရင်တောင် ရင်မခုန်တက်တဲ့အရွယ်က မင်းအသံကြားတာနဲ့ ဆောက်တည်ရာမဲ့ကုန်တာ။ Linn Yaung » » » Mwayt Layyee Normal Dark Fic 🔞 Write Date 📝 Wednesday 20/12/2023