"အမလေး၊ ငါ့သမီးလေး အီးဟီး..အီး..."
"ငါ့ချစ်သမီး ဒေစီရယ်၊ ဘာလို့ခုလိုလုပ်ရတာလဲ"
"ကိုရေ သမီးကြီးဆီဖုန်းဆက်ပြီးပြောလိုက်ဦး"
"အေးပါ မိန်းမရယ်"
ဦးမြင့်အောင် ကသူ့သမီးကြီး ဆူးနှင်းဆီကိုဖုန်းဆက်လိုက်တယ်
"ဟယ်လို အဖေ"
"ဟယ်လို သမီးရေ ဟင်း...ဟင်း.."
"အဖေဘာလို့ငိုနေတာလဲ"
"သမီးညီမ... သမီးညီမ ဆုံးသွားပြီ"
"အဖေရယ် မနောက်ပါနဲ့နော်"
"အဖေနောက်နေတာမဟုတ်ဘူး နှင်းဆီ၊ တကယ်ပြောနေတာ ဟင်း..."
"ညီမလေးက ဘာလို့ဆုံးသွားရတာလဲ"
"ကျောင်းခေါင်မိုးပေါ်ကနေ ခုန်ချတာတဲ့"
"ဟင်"
"ဟုတ်တယ် သမီးအမေလည်း ယူကြုံးမရဖြစ်နေတယ်"
"အဖေ သမီး.. သမီး ခုချက်ချင်း မြန်မာပြည်ပြန်.. ပြန်လာခဲ့မယ်"
"အေးပါ သမီးရယ်"
ဆူးနှင်းဆီလည်း US ကနေ မြန်မာကို ချက်ချင်းပင်ပြန်လာခဲ့တယ်၊ သို့သော်လည်း ခရီးဝေးတာကြောင့် သူ့ညီမအသုဘကိုမမှီခဲ့
မြန်မာပြည်ပြန်ရောက်တော့ ဆူးနှင်းဆီလည်း သူ့အိမ်ကိုတန်းသွားတော့တယ်၊ ဆူးနှင်းဆီရဲ့အမေ ဒေါ်နှင်းမေ လည်း ဆူးနှင်းဆီကိုမြင်တာနဲ့ပြေးဖက်တော့တယ်
"သမီး!!"
"အမေ!!"
သားမိနှစ်ယောက် ဖက်ပြီးငိုနေကြတယ်
"သမီးရယ် သမီးညီမ အဖြစ်ကဆိုးလိုက်တာ"
"ဟုတ်ပါ့အမေရယ် ညီမလေးကဘာကြောင့် ကျောင်းခေါင်းမိုးပေါ်ကနေခုန်ချပြီး သတ်သေသွားရတာလဲ"
"မသိပါဘူး သမီးရယ်၊ အဲ့နေ့မနက်ကထိ တက်တက်ကြွကြွနဲ့ အမေတို့ကိုတောင် ဖက်ပြီး နှုတ်ဆက်သွားသေးတယ်၊ ပြီးမှသူ့အဖေနဲ့ကျောင်းကိုတူတူသွားတာ"
"သမီးလည်းခရီးပန်းလာရောပေါ့၊ သမီးအခန်းထဲဝင်နားလိုက်ဦး၊ အဖေအခန်းရှင်းပေးထားတယ်"
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"