အပိုင်း - ၁

339 8 0
                                    

၁၉၂၃ ခုနှစ် ၊ ဩဂုတ်လ ၊ ၁၀ ရက်

မိုးရာသီ ပီသစွာဖြင့် ကောင်းကင်ပေါ်မှ မိုးပေါက်လေးများကျဆင်းနေကာ မြေသင်းနံ့တချို့ကလည်း သင်းပျံ့လျက်ရှိလေသည်။ အချိန်ကား ည ၈ နာရီ ဖြစ်ပြီး မြို့တော်၏ နာမည်ကြီး ပြဇာတ်ရုံဖြစ်သော ဝင်္ကပါပြဇာတ်ရုံတွင် လူအများ ကြိတ်ကြိတ်တိုးကာ သွားလာနေကြသည်။


အကြောင်းကား မြို့တော်ရှိ လူချမ်းသာမိသားစုမှ ဆင်းသက်လာသူ ရေဗန် ရစ်ချတ် ၏ ၂၈ နှစ်ပြည့် မွေးနေ့ပွဲကြောင့် ဖြစ်လေသည်။ လာရောက် ချီးမြောက်ကြသော ဧည့်သည်တော်များသည်လည်း အထက်တန်းလွှာမှ လူများဖြစ်ကြသည်။


"ဟာ ငါ့ကောင်ကြီး လာကွာ အထဲဝင်နှင့်ကြ"


ရေဗန် တစ်ယောက် လာသမျှ ဧည့်သည်တိုင်းကို ပြုံးပြ နှုတ်ဆက်ပြီး ဧည့်ဝတ်ကျေပွန်စွာဖြင့် ဧည့်ခံနေလေသည်။ ထိုအချိန်......


" ဟ ငါ့ကောင် ဂျွန်ကြီး တောင်ရောက်လာပြီ လာကွာ ဝင်ကြရအောင်"


" ငါ့နာမည် Jonathan အဲ့တော့ ငါ့နာမည်အတိုင်း ငါ့ကို Jonathan လို့ပဲခေါ်"


လေသံ အေးအေးဖြင့် ပြောသော ထိုစကားမှာ အမိန့်ဟူ၍ မဆိုသာသော အသံလှိုင်းတို့ပါဝင်နေသည်။


"အေးပါကွာ မင်းကလည်း"


ခပ်ပြုံးပြုံးနှင့် ထိုသို့ဆိုလိုက်ပြီး လူငယ်တွေချည်းသာ ရှိသော ဝိုင်းတစ်ခုသို့ ထိုသူနှစ်ယောက် သွားပေါင်းလေသည်။ ထိုဝိုင်းမှ လူငယ်အချို့ကလည်း....


"ဟ Jonathan မင်းကလည်းကွာ မွေးနေ့ လာပါတယ်ဆိုမှ ဘယ်နှယ့် မင်းရဲ့ဓားကိုပါ ယူလာရတာတုန်း"


"အေးလေကွာ မင်းကလည်း သူများမွေးနေ့မှာ လက်နက်ကြီး တကားကားနဲ့"


ထိုသလို့ဖြင့် Jonathan ယူဆောင်လာသော ဓားဖြစ်သည့် ငှက်ကြီးတောင်ဓားကို ကြည့်ကာ တစ်ယောက် တစ်ပေါက် ပြောဆိုနေကြသည်။ မွေးနေ့ရှင်ဖြစ်သူ ရေဗန်ကလည်း မနေသာတော့၍.....


"မင်းတို့ကလည်း Jonathan အကြောင်းသိရဲ့သားနဲ့ကွာ သူက ဘယ်တုန်းကများ သူ့အချစ်တော် ဓားကြီးနဲ့ ခွဲနေဖူးလို့လည်းကွ"


ထိုသလို့ ရယ်သံသဲ့သဲ့နှော ပြီးပြောလိုက်သူကြောင့် တစ်ဝိုင်းလုံး ခပ်ဟဟရယ်မောလိုက်ကြသလို ထိုရယ်သံမျိုးကို နားထာင်နေသည့် ဓားပိုင်ရှင်သည် မဲ့ပြုံးတစ်ခုကို နှုတ်ခမ်းထက်မှာ ချိတ်ဆွဲလိုက်လေသည်။ သို့သော် ထိုအပြုံးကို ဘယ်သူကမှ မမြင်လိုက်ချေ.....


"ရေဗန် ငါ ရေအိမ် ခဏသွားလိုက်ဦးမယ်"


"မြန်မြန်ပြန်လာနော် ဟျောင့် ခဏနေရင် မင်းကြိုက်တဲ့ အငြိမ့်ပွဲ လာတော့မှာကွ"


ထိုသို့ ပြုံးရင်းပြောလာသည့် ရေဗန့် ကို အပြုံးတစ်ခု ပြန်လည် စွန့်ကြဲခဲ့ကာ Jonathan တစ်ယောက် ထိုပြဇာတ်ရုံတွင်းမှ လက်စွဲတော်ဓားနှင့်အတူ ထွက်လာခဲ့လိုက်လေသည်။ ခဏအကြာတွင် စင်မြင့်ပေါ်မှ ထွက်ပေါ်လာသော သီချင်းဆိုသံ....


"မှုံရွှေရည်.....

ထုံဝေစီ.....

ဝသုန်မြေမဟီ........."


"အငြိမ့်သမတောင် က နေပြီ Jonathan တစ်ယောက်ဘာလို့ ပြန်မလာသေးတာပါလိမ့်"


ရေဗန်တစ်ယောက် Jonathan တစ်ယောက် ထွက်သွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်တာ ထိုစကားတစ်ခွန်းကို ဆိုပြီး စင်မြင့်ဘက်ကို အာရုံက ပြန်လည်ရောက်ရှိသွားလေသည်။



ဆက်ရန်ရှိသည်.......

..................

ငှက်ကြီးတောင်ဓား 

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငှက်ကြီးတောင်ဓား 


အစတုန်းကတော့ နောက်အပတ်လောက်မှတင်မယ်လို့ စီစဉ်ထားပေမယ့် စိတ်ကူးပေါက်သွားလို့ ဒီနေ့ တင်လိုက်ပါတယ်ရှင့်။ ကြာသပတေး နဲ့ သောကြာနေ့တိုင်း‌ up ပေးမှာပါနော်။ 

Lavender June 💜

အငြိမ့်သမ ကျွန်မဘဝWhere stories live. Discover now