"မောင်....ဒီပန်းချီကားက?"
မှုံ့ အမေးကြောင့် ဧည့်ခန်း၏ နံရံပေါ်၌ ချိတ်ဆွဲထားလေသော ပန်းချီကားကို ဂျွန် ဝမ်းနည်းနေသည့် မျက်လုံးများဖြင့် မော့ကြည့်လိုက်မိသည်။
"အဲ့ပန်းချီကားက မောင် တို့ မိသားစုရဲ့ ပန်းချီကားလေ"
မောင် မှုံနဲ့ တွေ့ရင် တစ်ခါမျှတောင် မောင့်အကြောင်းကို မှုံမမေးခဲ့ဖူးပေ။ သို့သော် ထိုပန်းချီကားထဲတွင် ပါဝင်နေသော သူများကို ဘယ်သူတွေလဲလို့ မေးချင်သော်လည်း မောင် မပြောပြချင်လျှင် မေးမည်မဟုတ်ပါ။
"အဲ့ ပန်းချီကားထဲက လူတွေက မြတ်မဟာမျိုးနွယ်ဝင်တွေ တစ်နည်းအားဖြင့် မြတ်မဟာဆိုတဲ့မျိုးနွယ်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်အဆင့်ဆင့်ပဲ"
မှုံ မောင် ပြောသမျှကို ငြိမ်ငြိမ်လေး နားထောင်နေမိသည်။
တစ်ခါမှတော့ မှုံ့ကို မိသားစုအကြောင်းမပြောဖူးပေ။ သို့သော် မှုံ သိသင့်သည်ဟူသည့် ဆုံးဖြတ်ချက်ကြောင့် မှုံ့အား ပြောပြရပေမည်။ အကြောင်းအရာတချို့ပဲပေါ့ အကုန်လုံးသာသိလျှင် မှုံ မောင့် ကို ကြောက်သွား၊ ရွံသွားမှာသိပ်ကြောက်ပေသည်။
"မောင် တို့ အိမ်တော်က ရှမ်းစော်ဘွားမျိုးနွယ်တွေလေ။ မြတ်မဟာဆိုတာကလည်း မောင်တို့ အိမ်တော်ကို တည်ထောင်ခဲ့တဲ့ မောင်တို့ရဲ့ ဘိုးဘေးလေ။ အဲ့ကနေမှတဆင့် မောင့်ရဲ့ အဖိုး ဦးမှိုင်းမဟာကို လက်ဆင့်ကမ်းခဲ့တယ်။ ဖိုးဖိုးက အသက်ရှည်တယ်ပြောရမလား အသက်ရာကျော်ထိ အုပ်ချုပ်ခဲ့ရတယ်။"
ပြောရင်းနဲ့ မောင်က ပန်းချီကားထဲတွင် အသက်ကြီးပုံပေါ်နေသည့် အလယ်တွင်ထိုင်နေသော လူကြီးကို လက်ညှိုးထိုးပြကာ ရှင်းပြလေသည်။
အသက်ကြီးသည်ဟုဆိုသည်ကလည်း ဆံနွယ်များမှာ ဖြူသည့်ဘက်သို့ကူးပြောင်းနေသောကြောင့် ဖြစ်ပေသည်။ ရုပ်ရည်အရကြည့်လျှင် အသက်၂၀ ကျော် လူတစ်ယောက်ကဲ့သို့ပင် ချောမောလွန်းလှသည်။ မောင် က မောင့်အဖိုးနဲ့ တူလို့နေမည်။ မောင် လည်း သိပ်ချောလွန်းသည်မလား။