ပျို ထိုညက သစ်မောင်၏ အိမ်တွင် ဧည့်သည်အဖြစ် တည်းနေသောကြောင့် သစ်မောင် အိမ်တွင်သာ အိပ်လိုက်သည်။ သို့သော် သစ်မောင် ထိုညက ပြန်မလာပေ။
........
မနက်အစောပိုင်း၌....
"ကြီးမေ ကိုသစ် မနေ့ညက ပြန်မလာဘူးလားဟင်"
"ဟုတ်တယ်ကွယ့် အကိုလေး ပြန်မလာသေးဘူးကွယ်"
ကြီးမေ၏ ပြန်လည်ဖြေဆိုမှုကြောင့် ပျို မျှောင်လင့်ချက်များ ပျောက်ဆုံးသွားရသည်။
"ကိုသစ် ငါ့အပေါ်ဖောက်ပြန်နေတာလား?..... မဟုတ်လောက်ပါဘူး။ ကိုသစ် သူ့အသိအိမ်မှာပဲ အိပ်လိုက်တာနေမယ်... ဟုတ်တယ် အဲ့လိုပဲနေမယ်"
သံသယအချို့ရှိနေသော်လည်း သံသယအား မဟုတ်လောက်ပါဘူးဆိုသည့် အတွေးနှင့်ဖျောက်ပစ်လိုက်သည်။ ထိုအချိန်....
"မမလေး နိုးနေပြီလား"
ပြုံးကာ ပျို့အား လှမ်းပြီးအမေးပြုလိုက်သောလူမှာ ပျို ၏ လူယုံတော် ခွန်စိုင်း က လွဲပြီးမည်သူမျှ မဟုတ်ပေ။
"ဟုတ်တယ် ခွန်စိုင်း ရဲ့ ဒီနေ့ စောနိုးနေပါ့"
ပျို သည် ကပြားဖြစ်သော်လည်း အမေဘက်မှ ကုန်သည်မျိုးရိုးဖြစ်သလို မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတွင် နေထိုင်တာများသောကြောင့် တခါတလေ ပျို စကားပြောပုံမှာ အလယ်ပိုင်းဒေသအသံအချို့တော့ ပါလေသည်။
"မမလေး စုံစမ်းခိုင်းထားတာတွေကို လာတင်ပြတာပါ....ဗျ"
ဟုတ်ပေသည်။ သူမ ကိုသစ်နှင့် ပတ်သက်သည့် အကြောင်းအရာတွေကို ခွန်စိုင်း အားစုံစမ်းဖို့ ပြောထားခြင်းဖြစ်သည်။
"အင်း ဒါဆိုလည်း သိရသလောက်ပြောကြည့်လေ"