"မမမှုံ"
ထိုခေါ်သံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်ချိန်....
"ဟယ် ပျို နဲ့ ကိုသစ်ပါလား နောက်ဆုံးတော့ ဈေးဆိုင်တန်းတွေ ဘက်နေ ထွက်လာပြီပေါ့"
"ဟီးးးးး ဟုတ်မမ"
ထိုအချိန် သစ်မောင် ကတော့ မှုံ့ ဘေးနားတွင် ရှိနေသော လူကို သေချာစိုက်ကြည့်နေလိုက်မိသည်။ ထို့နောက် မှတ်မိသွားဟန်ဖြင့်.....
"အာ...... မြင်ဖူးပါတယ်လို့ ကြည့်နေတာ မြို့အုပ်မင်းလောင်းလျာကိုးးးးးးး"
ထိုစကားမှာ ဂျွန့်အား ပြောသည်ဆိုတာ သေချာပေသည်။ ထို့ကြောင့်ပဲ ဂျွန် မျက်ခုံးပင့်မိသည်။ အတွေးထဲတွင်တော့ ထိုလူ ဂျွန့်ကို သိသည်တဲ့လား ဆိုသည့်မေးခွန်းက နေရာယူထားလေသည်။
"ဘယ်လိုလဲ နောက်ဆုံးတော့ အပြင်လောကဘက်ကို ထွက်လာပြီပေါ့ ဟုတ်စ Jonathan ရ"
"ငါ့ကို သိတာလား"
"ဟ နင်ငါ့ကို မမှတ်မိဘူးလား ငါ သစ်မောင်လေဟာ ဟိုတစ်နေ့ကတောင် နင်တို့အိမ်ကို ကုန်သွယ်ရေးကိစ္စနဲ့ လာသွားသေးတယ်လေ"
"အော် ဟိုသစ်ကုန်သည်ကိုးးးး"
ထိုသို့ပြောပြီး ဂျွန် သစ်မောင်အား အရေးမလုပ်သလိုပဲ ပြန်နေလိုက်သည်။ မှုံ လည်းထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ခုနက ဂျွန် နဲ့ အခု ဂျွန်နဲ့က မတူတော့သလိုပင်။
........
"ပေး အကို့ကို"
မာန် စိမ်း စီကနေ ဘုရားပန်းကို တောင်းနေခြင်းဖြစ်သည်။ သို့သော် စိမ်း မာန့်အား မပေးဘဲနဲ့ ကိုယ်တိုင် ထသွားပြီး ဘုရားအားကပ်လိုက်သည်။ မာန် တစ်ယောက် ထိုအဖြစ်ကို ကြည့်တာ ကြောင်သွားခဲ့သည်။ ဘုရားပန်းကပ်ပြီးသည်နှင့် စိမ်း ထွက်လာခဲ့လိုက်သည်။ ထို့ကြောင့်ပဲ မာန် လည်း ဘုရားပန်းကို သွားကပ်ပြီးသည်နှင့် စိမ်း အနောက်ကို လိုက်ရသည်။ တော်ကြာနေ ဖွားဖွား ဆူမှာဆိုးလို့ပင် စိတ်ပူလို့တော့ မဟုတ်ပေ။