မြို့တော်၏ နာမည်ကြီးအိမ်တော်များထဲမှ တစ်ခုဖြစ်သည့် မြတ်မဟာစံအိမ်တော်သို့ အတွဲနှစ်တွဲက ဖိတ်ခေါ်မှုကြောင့် ရောက်လာလေသည်။
"စိမ်းတို့ သစ်မောင်တို့တောင် ရောက်လာပြီပဲ"
ခြံဝင်းထဲတွင် ထိုင်ကာ အနားယူနေသော ဂျွန်၏ဖခင်ဖြစ်သူ ဦးမဟာအောင်ထံမှ စကားသံကိုကြားလိုက်ရသည်။
"ဟုတ်တယ်ဦးလေးရေ ကျွန်တော်နဲ့အတူ မြခက်ပျို တောင်ပါလာသေးတယ်"
"မြခက်ပျို ဆိုတာ အရေးပိုင်မင်းရဲ့ သမီးမလား အိုကွယ် သမီးအဖေကတော့ သူ့သမီးလေး ချောကြောင်း လှကြောင်း ပြောပါ့"
"ဟီးးးး ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဦးလေး"
"အော် ဒါနဲ့ စိမ်း ဘေးနားက ကလေးက ဘယ်သူတုန်းကွယ့်"
"အာ.... သူက စေတမာန်ညိုလေ ဦးလေး"
"အော် သိပြီ သိပြီ ညိုရောင်လွှမ်းရဲ့ သားမလား"
"ဟုတ်ကဲ့ဦးလေး"
"မင်းအဖေနဲ့ ဦးလေးကတော့ ငယ်သူငယ်ချင်းတွေဆိုလည်း မမှားဘူးကွ ဒီကောင်ကြီးလောကကြီးထဲကနေ ထွက်သွားတာ စောတယ်ကွယ်"
ဖော်ရွေစွာ ပြန်လည်နှုတ်ဆက်လာတဲ့ဦးမဟာအောင်ကို အခုမှ တွေ့ဖူးသော စေတမာန်ညို နှင့် မြခက်ပျို တို့၏ စိတ်ထဲတွင်တော့ လူကောင်းတစ်ယောက်ဟု သတ်မှတ်လိုက်ကြလေသည်။
........
"ကဲ ဒီးနားမယ်ထိုင်ကြဦးနော် မကြာခင် သခင်မလေးဆင်းလာလိမ့်မယ်"
ဦးစိန်ပု ၏ ညွှန်ကြားမှုကြောင့် ထိုင်ကာစောင့်နေရင်း......
"ဟော ဟိုမှာ လာပါပြီ မယ်မင်းကြီးမ"