"နန်းမဟာစီ"
မောင် ကလေ ဂျွန်နသန်ဆိုသည့် အမည်နာမနဲ့ဆိုလျှင် ချောမောသည့် အသွင်ကိုဆောင်ပြီး နန်းမဟာစီ ဆိုသည့် အမည်နာမနဲ့ ကြပြန်တော့လည်း လှပပြန်ပေသည်။ တခါတလေ မှုံ တွေးမိသည် မောင် အခုလောက် ချောမောခြင်းနှင့် လှပခြင်းတို့ကို တစ်ချိန်တည်းမှာ ထွက်ပေါ်နိုင်ရှိခြင်းက မောင်ဟာ လူသားစင်စစ်များ ဖြစ်နိုင်ပါ့မလား?
ထို့နောက် မောင် က စကားတို့ကို ဆက်ပြောလေသည်။
"မြို့တော်ထဲမှာရှိတဲ့ မြတ်မဟာအိမ်တော်က မောင့် ဖေဖေ က ဒီတိုင်းနာမည်ကို ယူလိုက်ရုံပဲ။ တကယ့် အိမ်တော်အစစ်က အခု မောင် တို့ရောက်နေတဲ့ မြို့ပြင်က အိမ်တော်ပဲလေ"
ထို့နောက် မောင့် မျက်လုံးတို့က ဝမ်းနည်းသွားသည့် အငွေ့အသက်တို့ဘက် ပြောင်းသွားပြီး...
"မှုံ သိလား ဖေဖေက သိပ်ကို လောဘကြီးလွန်းတယ်။ မောင့် ရည်မှန်းချက် အစစ်အမှန်ကို ဖေဖေက တိမ်မြုပ်အောင် လုပ်ပစ်တယ်"
မောင့် မျက်လုံးတေက ဒေါသထွက်နေသည်ဟုလည်း မဆိုပေမယ့် ထိုမျက်လုံးတစ်စုံက မှုံ့ ဘက်သို့လှည့်လာပြီး မှုံ့ အားစိုက်ကြည့်ကာ ပြောလိုက်သော စကားတစ်ခွန်းကြောင့် မှုံ ကျောချမ်းသွားရသည်။
"အကယ်လို့ မောင့် ရည်မှန်းချက် အစစ်အမှန်ကိုရော မောင် ပိုင်ဆိုင်ထားခဲ့ရတာတွေကိုပါ ဖေဖေ့စီကနေ ပြန်လုပ်ရင် မလွန်လေဘူးမလား"
ချက်ချင်းပြောင်းလဲသွားသော မောင့် မျက်နှာအမူအရာက မောင် မဟုတ်သလို အခြားတစ်ယောက် အဖြစ်ပြောင်းလဲသွားလေသည်။
အတိတ်အကြောင်းတချို့ကို ပြန်တွေးမိသွားပြီး လူက ခဏလောက် စိတ်လွတ်စွာ ပြောဆိုလိုက်မှုကြောင့် အရှေ့တွင်ရှိသော အမျိုးသမီးငယ်လေးက ကြောက်သွားပုံပေါ်သည်။ ထို့ကြောင့် မျက်နှာထားအား ပြန်ပြောင်းကာ ထိုအမျိုးသမီးလေးအား ပြုံးပြ၍...
"မှုံ အိမ်ကို ပတ်ကြည့်ရင် ကြည့်ပါလား မကြာခင် ဒီအိမ်က မှုံ့ အိမ် ဖြစ်တော့မှာပဲကို"
"ရှင်? မှုံ့ အိမ်ဆိုတာ ဘာကိုပြောချင်တာလဲ မောင်"
"ဒီအိမ်က မောင် မှုံ့ ကိုပေးမယ်ဆိုတဲ့ လက်ဆောင်လေ မောင့် အချစ်ရယ့်"