အပိုင်း - ၃

281 6 0
                                    

ထွက်ပေါ်လာသော အော်သံနက်ကြီးတစ်ခု.......


"အားးးးးးးးးးးးးးးးးးး"


ထိုအသံသည် မင်းသမီးလေးထံမှမဟုတ်ဘဲ အရာရှိထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အကြောင်းမှာတော့ဖြင့် မင်းသမီး၏ ဝတ်စုံအောက်တွင် ဖွက်ထားသော ဓားမြှောင် တစ်ချောင်းထွက်ပေါ်လာပြီး ထိုအရာရှိ၏ လက်ကို ဓားမြှောင်ဖြင့်ထိုးစိုက်လိုက်ခြင်းကြောင့်ဖြစ်ပေသည်။


ထိုမြန်ဆန်လှသော အဖြစ်အပျက်ကြောင့် အရာရှိ၏ လူများနှင့် ဇာတ်ရုံအတွင်းမှ လူများကလည်း ထ ဖို့အလုပ် မည်သူမျှ မ ထ နိုင်ဘဲ မူးဝေကာ ပစ်လဲသူက ပစ်လဲ သတိမေ့သူက မေ့ နှင့် တစ်ယောက်မှ မင်းသမီးလေးရှိရာအနားသို့ ရောက်မလာနိုင်ချေ။


အရာရှိသည်လည်း ပြန်လည်ခုခံမည်အလုပ် လက်တွင်ထိုးစိုက်ခံထားရသော ဓားမြှောင်မှာ အရှိန်တစ်ခုဖြင့် ဆွဲနှုတ်ခံလိုက်ရပြီး ဓားမြှောင်၏ ဦးတည်ရာမှာ အရာရှိ၏ လည်ပင်းပေါ်သို့ ကျရောက်သွားကာ ထိုအရာရှိမှာဖြင့် လည်ပင်းတွင် ဓားရာဖြင့် အသက်ထွက်သွားရရှာသည်။


မင်းသမီးလေးသည် ဇာတ်ရုံအတွင်းတွင် မလှုပ်နိုင် မယှက်နိုင်ဖြစ်နေသော လူအုပ်ကြီးကိုကြည့်ကာ မျက်နှာဖုံးအောက်က နှုတ်ခမ်းပါးလေးပေါ်မှာ အပြုံးတစ်ခု ခပ်ရေးရေးလေး ပေါ်လာခဲ့သည်။ ထို့နောက် မင်းသမီးလေးသည် ဇာတ်ခုံ ဘက်သို့ လျှောက်လှမ်းသွားကာ ဇာတ်ခုံအောက်တွင် ဖွက်ထားသော ဓားတစ်လက်ကို ယူလိုက်၍ သူမ မျက်စိရှေ့တွင် ရှိသော လူတိုင်းကို ထိုဓားနှင့် ခုတ်ပိုင်းလိုက်သည်။


ခုတ်ပိုင်းခံရသူများကတော့ ဗေဒင်တွက်စရာတောင်မလိုပေ အသက်ထွက်သွားသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ထို့နောက် ယနေ့၏ ဇာတ်လိုက် မွေးနေ့ရှင် ရေဗန်အရှေ့သို့ သွားရပ်ကာ....


"ဘယ်လိုလဲ ကိုယ့်အလှည့်ကြတော့ ကြောက်တတ်ရန်ကော"


လေသံ ခပ်အေးအေးဖြင့် ပြောလိုက်ပြီး ဓားကို လှုပ်၍မရဖြစ်နေသော သားကောင်ထံသို့ ချိန်လိုက်ပြီးသည်လျှင်....


"ဒီဓား က ငှက်..ငှက်.."


စကားကိုတောင်ဆုံးအောင်မပြောလိုက်ရပေ။ ကြောက်ရွံနေသော မျက်လုံးအစား အံ့ဩနေသော မျက်လုံးများဖြင့် ကြည့်ကာ အဆုံးသတ်ခံလိုက်ရသူမှာ ရေဗန် ရစ်ချတ် ပင်တည်း။


ဇာတ်ရုံထဲရှိ လူများသည် အလောင်းများအဖြစ်သို့ ပြောင်းလဲခံ လိုက်ရကာ အသက်ရှင်ကျန်ရစ်သူမှာ ဇာတ်ခုံနောက်မှ ဇာတ်အဖွဲ့အသားများနှင့်အတူ မွေးနေ့တွင် ကပြ ဖျော်ဖြေရမည့် တကယ့်မင်းသမီးအစစ်လည်း ပါဝင်ပေသည်။


ယခုအခါတွင်မူ မျက်နှာဖုံးနှင့်မင်းသမီးလေးသည် မျက်နှာဖုံးကို ချွတ်ချလိုက်ကာ အောက်တွင်ကျနေသော ဓားအိမ်ကို ပြန်လည်ကောက်ယူ၍ ဓားကို ဓားအိမ်ထဲ သွင်းပြီးသည်နှင့် ကြမ်းပြင်ပေါ်တွင် ပေပွနေသော သွေးများကို လက်ပေါ်တွင်သုတ်ကာ ဇာတ်ရုံ၏ နံရံ၍ စာတစ်ကြောင်းရေးသွားသည်မှာ.....


"ကိုယ်ပြုသည့်ကံ ၊ ကိုယ့်ထံပြန်"


ထို့နောက် ဇာတ်ရုံထဲမှ ထွက်သွားသော အရိပ်တစ်ခု အဖြူရောင်ဝတ်စုံလေးကနေ သွေးများကြောင့် အနီရောင်ကိုပြောင်းလဲသွားပြီး ဦးခေါင်းထက်တွင် ပန်ဆင်လျက်ရှိသော နှင်းဆီအဖြူလေးမှာလည်း သွေးများစွန်းနေသည်။ လက်ထဲတွင် ဓားတစ်လက်ကိုင်ထားကာ ထိုဓားကား ငှက်ကြီးတောင် ဟုခေါ်ဆိုပြီး လက်ကိုင်ရိုးပေါ်တွင် Lavender (လာဗန်ဒါ) ပန်းပုံပါသော အမှတ်အသားလေး တစ်ခု ရှိနေလေသည်။



ဆက်ရန်ရှိသည်........


..................


Lavender June 💜

အငြိမ့်သမ ကျွန်မဘဝWhere stories live. Discover now