ဂျွန် ဒီတစ်ခေါက် ဘုရားသွားတာ ကျိန်းသေပေါက်ကို အချိန်ကောင်းများ ပိုင်ဆိုင်ခဲ့ရပေသည်။ သို့သော် "တွေ့ဆုံပြီးလျှင် ခွဲခွာရမည်" ဆိုသည့်စကားအတိုင်း ခွဲခွာရဖို့အချိန်ရောက်လာသောအခါ ဂျွန် ထိုစကားဝိုင်းလေးအား နှုတ်ဆက်၍ စံအိမ်တော်ကို ပြန်လာခဲ့လိုက်လေသည်။
.......
"ဂျွန် ပြန်လာပြီလား"
ဂျွန် အိမ်ထဲသို့ဝင်လာချိန် ဧည့်ခန်းထဲတွင် ထိုင်ကာ သတင်းစာဖတ်နေသော ဖေဖေမှ ထိုအမေးကို မေးလိုက်ချိန်....
"ဟုတ်ပြန်လာပါပြီ ပြောတော့ ရုံးမှာ အရေးကြီး ကိစ္စရှိတယ်ဆို ပြန်ရောက်စောသားပဲနော်"
"ကိုယ့်သမီးတစ်ယောက်လုံးရဲ့ မွေးနေ့မှာတောင် အချိန်မပေးနိုင်ရင် ဖခင်ဘယ်ပီသတော့မလဲ"
"အော် တော်သေးတာပေါ့ ဂျွန့်ကို သမီးမှန်းမှတ်မိသေးလို့...ဟက်"
ဂျွန်၏ ခပ်ထေ့ထေ့ ပြောလိုက်သော စကားတစ်ခွန်းကြောင့် ဦးမဟာအောင် မျက်နှာပျက်သွားရသည်။ သို့သော် အတတ်နိုင်ဆုံးထိန်းထားပြီး.....
"ညနေလောက်ကျရင် အိမ်က ခြံထဲကို ဆင်းလာခဲ့ မွေးနေ့လက်ဆောင်ပေးစရာရှိတယ်"
"ဟုတ်ကဲ့"
ဂျွန် ဟုတ်ကဲ့ လို့ပဲပြောပြီး အိမ်အပေါ်ထက်သို့ တက်သွားကာ တစ်နေကုန်ပင်ပန်းသမျှကို ဖြေဖျောက်ရန်အတွက် ရေချိုးလိုက်ပြီး တရေးတမော အိပ်လိုက်သည်။
.........
"မှုံ ပြန်လာပြီလား"
"ဟုတ်ကဲ့ ဒေါ်ဒေါ်ရေ"
"အော် ဒါနဲ့ မှုံရေ ပြောစရာလေးရှိသေးလို့ကွယ့် ဒီကို ခဏလာပါဦး"
"ဟုတ်ကဲ့ ဒေါ်ဒေါ်"