ရင်းတွင်းမှ ဖွင့်ဟဝန်ခံချက် (သစ်ခွစိမ်း)

77 2 0
                                    

သစ်ခွပန်းကို မြတ်နိုးသလို အစိမ်းရောင်အား နှစ်သက်သည့် သစ်ခွစိမ်း ဆိုတဲ့ ကျွန်တော်က ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းချင်သူများထဲမှ တစ်ယောက်ပင်။ သို့သော် ကျွန်တော် ထိုသို့ ဖြတ်သန်းချင်သည့် စိတ်များအား ရိုက်ချိုးလိုက်သည်မှာ ကျွန်တော့် သူငယ်ချင်း ၏ လျှို့ဝှက်ချက်အား သိလိုက်ချိန်တွင်ဖြစ်သည်။

ထို လျှို့ဝှက်ချက်အား သိမ်းထားပေးရသည်နှင့်ပင် ကျွန်တော် အတော်လေးကို ပင်ပန်းလွန်းလှပါပြီ။ ထို့အတူ အပြစ်ရှိစိတ်သည်လည်း ကွယ်ဝှက်လို့မရအောင်ပင်။ တစ်နေ့တော့ စေတမာန်ညို ဆိုသည့် လူသားလေးကြော်င့ ကျွန်တော် ထိုစိတ်ခံစားမှုကြီးအား မေ့ပျောက်နိုင်သည်။

ကျွန်တော် စေတမာန်ညို နှင့်အိမ်ထောင်တစ်ခု ထူထောင်ချင်သည်။ ထိုလူသားအား ချစ်သည်။ ချစ်သည်ထက်ပိုသော မြတ်နိုးခြင်းမျိုးဖြင့် မြတ်နိုးလေသည်။ ထို့ကြောင့်ပဲ ကိုယ့်ဘက်ကနေ စတင်ဖွင့်ပြောခဲ့သောလည်း သူကတော့ ငြင်းလိုက်သည်တဲ့လား။

သို့ပေမယ့် အလွယ်တကူ လက်လျော့သည့်ထဲ သစ်ခွစိမ်း တို့မပါပေ။ ထို့ကြောင့်ပဲ အကို့ကို ဆက်၍ လိုက်သည်လေ။ နောက်ပိုင်းတော့ ကြိုးစားမှု ၏ ရလဒ်လို့ပဲ ဆိုလေမလားပဲ။ အကို့ဘက်နေ ပြန်လည်ပြီးတော့ ချစ်ရေးဆိုခဲ့သည်။ စိမ်း သိပ်ကို ပျော်ရသည့် နေ့ဆိုလည်းမမှား။

သို့သော် သူငယ်ချင်းဖြစ်သူ ၏ မျက်နှာမြင်တိုင်း လိပ်ပြာမလုံသည့်စိတ်တို့က ပြန်လည်လွှမ်းခြုံလာသည်မို့ သူငယ်ချင်း ၏ လုပ်ဇာတ်အတိုင်း ဝင်၍ က ပေးလိုက်တော့သည်။ ထို့အတူ သူမ နှင့်လည်း ကတိ တစ်ခု တောင်းထားသည်မှာ ဘာတွေပဲ ဖြစ်နေပါစေ စေတမာန်ညို ဆိုသည့် လူသားအား မည်သို့မျှ ထိခိုက်အောင် မလုပ်ရ ဆိုတာပင်။

ကတိ အတည်ပြုပြီးသည်နှင့် မှုံရွှေရည် ဆိုသည့် အမအား သူငယ်ချင်းဖြစ်သူ ၏ ကောင်းကြောင်း ၊ တော်ကြောင်း တွေကို ချီးမွမ်းခန်းဖွင့်ကာ အောင်သွယ်ခြင်း ဟု မဆိုသာသော အလုပ်အား လုပ်ပေးလိုက်လေသည်။ သူငယ်ချင်း ရဲ့ ကတိ တည်လေဟု ဆိုရမည်။

ထိုနေ့ အကို ဘယ်ကို သွားမည်ကို သိသောကြောင့် စိတ်ပူသော်လည်း ကတိ ဆိုလျှင် တည်သော ဂျွန်နသန် ကြောင့် စိတ်အေးစွာဖြင့် အိမ်တွင်သာစောင့်နေလိုက်သည်။ သိပ်မကြာပါဘူး အကို ပြန်ရောက်လာသည်လေ။ ဒဏ်ရာ တစ်ခုမျှမတွေ့ရသလို မည်သို့သော မကောင်းသည့် အငွေ့အသက်များလည်း မရပါလေ။

အခုတော့ စေတမာန်ညို ဆိုသည့် အမျိုးသားနှင့်အတူ သမီးလေး အညိုတော် နဲ့ပါ သစ်ခွစိမ်း ဆိုတဲ့ ကျွန်တော်က လိုချင်ခဲ့သော ရိုးရှင်းသည့် ဘဝမျိုးကို ပိုင်ဆိုင်ထားရပြီလေ။ ကျွန်တော် ဘာကိုမှ ထပ်မမက်မောတော့ပါဘူး။

အတိတ်ဆိုးများကိုပါ ဖယ်ဖျောက်နိုင်လိုက်ပြီး အကို့ မျက်လုံးထဲတွင် ဖြူစင်သော သူတစ်ယောက်အနေနဲ့သာ ရှိနေသည်မို့ ကျွန်တော်ပျော်လေသည်။



..................


Lavender June 💜

အငြိမ့်သမ ကျွန်မဘဝWhere stories live. Discover now