ရင်းတွင်းမှ ဖွင့်ဟဝန်ခံချက် (သစ်မောင်မင်းလျှံ)

97 3 0
                                    

သစ်မောင်မင်းလျှံ ဆိုသည့် ကျွန်တော်က သိပ်ကို ပွေရှုပ်သူတစ်ဦးပင်။ သို့သော် ကံတရား၏ မျက်နှာပေးမှုကြောင့် တစ်နေ့မှာတော့ ကျွန်တော် "မြခက်ပျို" ဆိုသည့်မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ အစတုန်းကတော့ သူမကိုလည်း အခြားမိန်းကလေးတွေလိုမျိုး ကစားပြီးလျှင် စွန့်ပစ်လိုက်မည်ဟု တွေးထားသော်လည်း ဘယ်အချိန်ကတည်းကမသိ သူမက ကျွန်တော့် နှလုံးသားထဲကို ဝင်ရောက်နေပြီလေ။

ထို့ကြောင့်ပဲ ပျို့ မိဘတွေကို ခွင့်တောင်းကာ စေ့စပ်ခဲ့လိုက်သည်။ သို့သော် ပတ်ဝန်းကျင်ဆိုသည့် အရာကြောင့် ကျွန်တော့် အတွေးတွေက ပျောက်ပျက်သွားရသည်။ ဟုတ်ပေသည်။ ပတ်ဝန်းကျင်က ကျွန်တော့်လို လူရှုပ်လူပွေ ကုန်သည်တစ်ယောက်က အရေးပိုင်းမင်း၏ သမီးကို စေ့စပ်ထားသည်ကြောင့်ပင်။

ကျွန်တော် ထိုဒဏ်တွေကို ခံစားနိုင်ပေသည်။ ဒါပေမယ့် ကျွန်တော့် ချစ်ရသူ မိန်းကလေးကို ထိုကဲ့ရဲ့သံများကြား မရှင်သန်စေချင်ပေ။ ထို့ကြောင့်နှင့် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချကာ ပျို ကျွန်တော့ကို စိတ်နာသွားအောင် အမျိုးမျိုးလုပ်ခဲ့သည်။

စိတ်ဆိုး ၊ စိတ်ကောက်သည်က ပြန်ချော့၍ ရပေမယ့် စိတ်နာသည်ကိုတော့ ပြန်လည်ချော့၍ မရသည်မလား။

ပြီးတော့ ခွန်စိုင်းကို ကျွန်တော့်နောက် လိုက်ခိုင်းထားသည်ဆိုတာကိုလည်း ကျွန်တော်သိတာပေါ့။ ထို့ကြောင့် ခွန်စိုင်းကနေတစ်ဆင့် ပျို ကျွန်တော့်ကို မုန်းအောင် ၊ စိတ်နာအောင် ရှုပ်ပွေချင်ယောင်ဆောင်ခဲ့ရသည်။

ထိုနည်းက အလုပ်ဖြစ်သည်ထင်ပါရဲ့ ထိုနေ့က ပျို ကျွန်တော့်ကို လမ်းခွဲစကားပြောလာသည်လေ။ ကျွန်တော် ပျို ၏ လမ်းခွဲစကားထက် ပျို့ မျက်နှာထက်တွင် ပြေးလွှားနေသည့် မျက်ရည်စလေးများက ကျွန်တော့် နှလုံးသားကို အစိမ်းလိုက် ထုတ်ခွဲနေသလိုပင်။

များမကြာပါဘူးဗျာ....။ ကျွန်တော် သိပ်ချစ်ရဲတဲ့ အမျိုးသမီးလေးနဲ့ ကျွန်တော့် သူငယ်ချင်းတို့ရဲ့ မင်္ဂလာပွဲတဲ့ ကျွန်တော့်ကို ဖိတ်စာပို့လာတယ်ဗျာ...

ဘယ်လိုလူမျိုးက သူချစ်ရတဲ့ သူရဲ့ မင်္ဂလာပွဲကို ဘယ်လိုနှလုံးသားမျိုး နဲ့ သွားရမလဲဗျာ..။ ဒါပေမယ့် ကျွန်တော် ရောက်အောင်သွားခဲ့တယ်။ ဂျွန် နဲ့ ပျိုက သိပ်ကိုလိုက်ဖက်ကြပါတယ်။ ကျွန်တော် ခန်းမ၏ ထောင့်နားလေးမှာ ကပ်ပြီးရပ်နေသော်လည်း ဂျွန် က ကျွန်တော့်ကို မြင်သွားဟန်နဲ့ လှမ်းပြုံးပြလာသည်။ သို့သော် အပြုံးတို့က အသက်မပါ။

ကျွန်တော်လည်း ပြန်ပြုံးပြလိုက်ကာ ပျို့ အား ဂရုစိုက်ပေးပါရန် ဂျွန့် အား ပါးစပ်လှုပ်ရုံသာ ပြောလိုက်မိသည်။

မင်္ဂလာပွဲကနေထွက်လာပြီး ကျွန်တော်လည်း ဒီနိုင်ငံမှာ မနေတော့ဘဲ အနောက်ဘက်နိုင်ငံတွေစီကို ခရီးဆန့်ခဲ့သည်။

အရင်က ဂျွန် ပြောပြသည့် အဝေးချစ်အကြောင်းကို သတိရမိလိုက်သည်။ ထိုသည်မှာ "ကိုယ်ချစ်ရသူက ဘယ်သူ့ရင်ခွင်ထဲပဲရောက်နေပါစေ သူပျော်နေတာလေးကို မြင်ရရုံနဲ့တင် ပျော်နေတာမျိုး" တဲ့လေ။

ကျွန်တော်လည်း အခု ပျို့ကို အဝေးချစ်နဲ့ပဲ ချစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ပျိုက ကျွန်တော့်အတွက်တော့ နောက်ဆုံးသော အချစ် နှင့် စစ်မှန်သော အချစ် သာလျှင်ဖြစ်လေသည်။



..................


Lavender June 💜

အငြိမ့်သမ ကျွန်မဘဝWhere stories live. Discover now