အပိုင်း - ၃၈

110 2 0
                                    

ဒီနေ့ည မောင် ခေါ်ထားသည်မို့ မှုံ မန်ကျီးပင်အောက်တွင်စောင့် နေလိုက်သည်။ သို့သော် ရောက်လာသူမှာ မှုံ မျှော်လင့်သလို မောင် တော့မဟုတ်ခဲ့။ သွေးဆာနေသည့် သားရဲသကဲ့သို့ အနီရောင်ဘက်ကိုပြောင်းနေသည့် မျက်လုံးများ...

ထိုမျက်လုံးများထဲတွင် ရမ္မက်များအပြည့်ပါဝင်နေပြီး တစ်ခုခုကိုဆာလောင်နေသလိုပုံမျိုးပင်။ ထိုသူကို မှုံ မြင်ဖူးသည် မောင် တို့အိမ်မှာတွေ့ခဲ့သည့် ရေဗန်ဆိုသည့်လူ။ မှုံ့ကို ထိကပါးရိကပါးပြောခဲ့သည့်သူ။

ထိုလူ မှုံ့ကို အတင်းလက်တွေအားဆွဲနေပြီး ဘယ်အခြေအနေသို့ သွားနေသည်ကို မှုံ သိပေသည်။ ထို့ကြောင့် ရုန်း‌သော်လည်း အားချင်းမမျှ အကူအညီတောင်းချင်သော်လည်း မည်သူမျှမရှိ။ သို့သော် မှုံ ခြံထောင့်တွင် ရပ်ကြည့်နေသော အရိပ်တစ်ခုကိုမြင်လိုက်ရသည်။ ထိုလူမှာ ကျိန်းသေပေါက် မောင် ပင်တည်း။

အကူအညီတောင်းဆို လုပ်လိုက်သော် အကြမ်းပတမ်းဖြင့် နမ်းရှိုက်ခံလိုက်ရသော မှုံ့ နှုတ်ခမ်းပါး။ ထိုမှ တစ်ဆင့်ချင်း သွားကာ မှုံ ဆိုသည့် အမျိုးသမီးလေး ရေဗန်၏ လက်အောင်တွင်သာ ချယ်လှယ်မှုကို ခံနေရသည်။

ထို့အတူ မှုံ ခေါင်းတွင်ပန်ထားသော နှင်းဆီဖြူလေးဟာလည်း ကြွေကျခြေခခဲ့ရရှာပြီ။

အချိန်အတော်အတန်ကြာသော် ရေဗန် လွတ်နေသည့်စိတ်တို့ ပြန်လည်သတိရလာကာ သတိထားမိချိန်တွင် သူ့အောက်က အမျိုးသမီးကတော့ အသက်မရှိတော့ချေ။ ကြောက်ကြောက် လန့်လန့်ဖြင့် ထိုအလောင်းအား ဒီတိုင်းထားခဲ့ကာ ထွက်ပြေးလာမိလိုက်သည်။

ရေဗန် ထွက်ပြေးသွားသည်နှင့် ခြံ‌ထောင့်တွင် ရပ်နေသော အရိပ်တစ်ခုက အလောင်းရှိရာကိုလျှောက်လာပြီး အလောင်းဘေးနားထိုင်ချကာ....

"မောင် တောင်းပန်ပါတယ် မှုံ မောင်လေ မှုံ့ အတွက် ဘဝသစ်တစ်ခုကိုပေးမှာမလို့ မောင့်ကို ယုံကြည်ပေးပါ"

ထို့နောက် အလောင်းဘေးနားရှိပြန့်ကျဲနေသော ဝိဉာဉ်အပိုင်းအစတို့အား ဝိဉာဉ်စုမီးအိမ်ဖြင့်စုစည်းလိုက်ကာ ထိုနေရာမှထွက်လာခဲ့လိုက်သည်။

အငြိမ့်သမ ကျွန်မဘဝDonde viven las historias. Descúbrelo ahora