ဒီနေ့ သစ်မောင် သစ်ကူးသန်းရောင်းဝယ်ရေးအတွက် အလုပ်စကားပြောပြီး ပြန်လာခဲ့လိုက်သည်။
"အကိုလေး ဒီမှာ အကိုလေးအတွက် စာနဲ့ ပစ္စည်းတစ်ခုရောက်နေတယ်"
"ဟုတ်ပြီ ကြီးမေ ကျွန်တော် အပေါ်ရောက်မှ ဖွင့်ကြည့်လိုက်မယ် ဒါဆို ကျွန်တော် ယူသွားပြီနော်"
"ဟုတ်ကဲ့ အကိုလေး"
.....
သစ်မောင် အခန်းထဲရောက်တော့ ရေမိုးချိုးပြီး စားပွဲပေါ်တွင်တင်ထားသော ပစ္စည်းနှစ်ခုထဲမှ ပထမဆုံး စာအိတ်ကို အရင်ဖွင့်ဖတ်လိုက်သည်။
သို့...သစ်ကုန်သည်..
ထူးထူးခြားခြားရယ်တော့မဟုတ်ပါဘူး။ လက်ဆောင်လေးတစ်ခုကို ပေးချင်လို့ပါ။ မင်းအတွက် ငှက်ကြီးတောင်ဓားတစ်လက်ကို လက်ဆောင်အဖြစ်ပေးချင်တယ်။ ဓားရိုးပေါ်မှာလည်း မင်းအကြိုက်ဆုံးပန်းကို ကနုတ်ထိုးပေးထားတယ်။ နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရာမှာသုံးပေါ့။
အမည်မသိသူ
အမည်မသိသူ ဟု ရေးထားသော်လည်း မည်သူပေးသည်ကို သစ်မောင်သိလေသည်။ သစ်ကုန်သည်ဟု အထူးတလည် ခေါ်တာ ထိုသူမှ လွဲပြီးမည်သူဖြစ်မည်နည်း။
စာထဲမှာပြောသည့်အတိုင်း ဓားကို ထုတ်ကြည့်လိုက်ချိန်တွင်တော့ သိပ်ကို လက်ရာမြောက်လွန်းလှသည့် ဓားနှင့်အတူ စာထဲတွင်ပြောထားသည့်အတိုင်း ဓားရိုးပေါ်တွင် သူသိပ်ကိုမြတ်နိုးလွန်းသည့် ပန်းပုံလေးအား ကနုတ်ထိုးပေးထားလေသည်။
"လက်ဆောင်ပေးတဲ့အတွက်ကျေးဇူးပဲ... ဒီဓားကို မင်းအပေါ်ပြန်မသုံးရပါစေနဲ့လို့တော့ ဆုတောင်းမိပါရဲ့"
သစ်မောင် ဓားအား ကြည့်ကာ ပြုံးလိုက်သည်။
......
"မမလေး ခရီးအတွက် အားလုံးပြင်ဆင်ပြီးပါပြီ"
"ဟုတ်ပြီ ကျေးဇူးပဲနော် မိဖြူ"
"ဟုတ်ကဲ့ မမလေး"
......
ရက်အတန်ကြာအောင် ခရီးဆက်လာပြီးနောက်....