မနက်ခင်းတိုင်းက သာယာမနေကြပေမယ့် လူနှစ်ယောက်အတွက်ကတော့ သာယာလွန်းပေသည့် မနက်ခင်းလေးတစ်ခုရှိနေလေသည်။
"ဖွားဖွား ကိုကို ရောဟင်"
ထမင်းစားခန်းရှိ စားပွဲခုံအရှည်၏ ထိပ်ဆုံးတွင်နေရာယူကာ နံနက်စာစားနေသည့် အရှိန်အဝါကြီးသော အမျိုးသမီးအား စိမ်း အမေးတစ်ခုပြုမိလိုက်သည်။ ထိုအမျိုးသမီးကား ညိုရောင်လွှမ်း၏မိခင် ၊ စေတမာန်ညို၏ အဖွား ၊ သစ္စာညိုစံအိမ်တော်၏ သခင်မ ဒေါ်ခက်မီမီညို ပင်တည်း။
"အမလေးရှင် စိမ်း လေးနံနက်စာစားဖို့အတွက်ဆိုပြီး မောင်မင်းကြီးသားက ကိုယ်တိုင်မီးဖိုချောင်ဝင်လေရဲ့"
ဖွားဖွား ၏ ပြန်လည်ဖြေလိုက်သည့် အဖြေကြောင့် စိမ်း ပျော်ရွှင်သွားသည်မှာ မျက်နှာထက်တွင် အတိုင်းသား မြင်နေရသည်။
"ဒါဆို စိမ်း မီးဖိုချောင်ဘက်ကို ခဏသွားလိုက်ဦးမယ်နော် ဖွားဖွား"
ဖွားဖွားက စိမ်း တောင်းဆိုချက်အား လက်ခံသည့် သဘောဖြင့် ခေါင်းညိတ်၍ပြန်လည်ဖြေလေသည်။
......
ဟော... တွေ့ပါပြီ။ စိမ်း အတွက် ကိုယ်တိုင်ချက်ပြုတ်ပြီး ပြင်ဆင်ပေးနေသည့် စိမ်း၏ချစ်ရသောသူ တစ်နည်းအားဖြင့် စိမ်းရဲ့ ကိုကိုစေတမာန်ညို....
စိမ်း ချက်ပြုတ်နေသည့် ကျောပြင်ကျယ်ကြီးအား ရပ်ကြည့်နေမိသည်။ သို့သော် ကိုကို စိမ်းအား သတိပြုမိသေးပုံမပေါ်။ ထို့ကြောင့်ပဲ အနောက်ကနေမှ ကိုကို့အား ခါးမှတဆင့် ဖက်လိုက်ချိန်တွင်....
"ဟင်.....စိမ်း နိုးပြီလား"
ကိုကို့ အမေးအား ကြားသော်လည်း စိမ်း ပြန်မဖြေမိပါ။ ကိုကို့ ကိုယ်သင်းနံ့လေးအား မလွတ်တမ်း ရှိုက်ရှူနေရတာနဲ့ မအားသောကြောင့်ပင်။ အချိန် အနည်းငယ်ကြာမှသာလျှင်....
"ဟုတ်..ကိုကို"
မာန် ပြုံး၍သာ အကောင်ပေါက်လေးအားကြည့်နေမိသည်။ မနက်ခင်း၏ အလှထက်တောင် ပို၍ လှနေသော မာန်၏ အနာဂတ်သတို့သားလောင်းလေး.....
"ကိုကို စိမ်း စားဖို့အတွက် ထမင်းကြော်ကိုမှ ကြက်ဥကြော်လေးနဲ့ လုပ်ထားပေးတယ်။ ကိုယ်ချက်တတ်တာ ဆိုလို့ ဒီနှစ်မျိုးထဲရှိလို့ပါ ဒီနေ့တော့ ဒါလေးနဲ့ စားလိုက်နော်"