"စိန်ပုရေ ငါပြန်ရောက်ပြီ"
"ဟုတ်ကဲ့ ဆရာ ကျွန်တော်လာပြီ"
အပြင်ကပြန်လာသော ဆရာဖြစ်သူ အမောပြေစေရန် သံပုရာရည်လေးအား အဆင်သင့်ဖျော်ပြီး ဧည့်ခန်းထဲတွင် ထိုနေသော ဆရာကို ပေးလိုက်လေသည်။
"ဆရာအဆင်ပြေခဲ့လားဗျ"
"ပြေတယ်ရယ်လို့လည်းမဟုတ်ပေမယ့် စိတ်ထဲမှာ အစိုင်အခဲတစ်ခုဖြစ်တည်ဖို့အတွက် လုံလောက်ပါတယ်"
ပြုံးရင်းပြောလာသည့် ဆရာဖြစ်သူမှာ ကျေနပ်မှုတို့ မျက်နှာထက်တွင် ချိတ်ဆွဲနေလေသည်။
"ဟို....ဟိုလေ ဆရာ"
"ဘာတွေ တစ်ဟို ဟို ဖြစ်နေတာတုန်းကွ ပြောစရာရှိတာပြောစမ်းပါ"
"ဟို စိတ္တဇလူသတ်သမားကို ဖမ်းမိပါပြီ"
"ဘာ!!!"
မဖြစ်နိုင်တာ လူသတ်သမားက အခု မြို့တော်မှာမရှိဘဲနဲ့ ဘယ်သူ့ကို ဖမ်းမိသွားတုန်း? ဦးမဟာအောင် ခေါင်းထဲမှာ မေးခွန်းတွေ ပလုံစီသွားတော့သည်။
"ငါ အဲ့လူကို အခုတွေ့ချင်တယ်"
....
ဒီနေ့ သစ်မောင် တစ်ယောက် ပေးလာသော လက်ဆောင် ငှက်ကြီးတောင်ဓားအား စမ်းသပ်ရန် မြို့တော်ထဲရှိ ဓားပြိုင်ကွင်းသို့ သွားလိုက်လေသည်။ သို့သော် ဓားပြိုင်ကွင်း၏ အဝင်ပေါက်ဝတွင်ပဲ သစ်မောင် မမျှော်လင့်တာတွေ ဖြစ်သွားခဲ့သည်။
ထိုသည်မှာ သစ်မောင်အား အဝင်ပေါက်တွင် စောင့်နေသော ပုလိပ်များမှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
.....
ထို့နောက် သစ်မောင်အား အလုံပိတ်ခန်းတစ်ခုတွင် ဖမ်းဆီးထားပြီး သိပ်မကြာမီတွင်ပဲ လူတစ်ယောက်ဝင်လာ လေသည်။
"သစ်မောင် ဘယ်လိုဖြစ်တာတုန်းကွ"
"ဦးလေး ကျွန်တော့်ကို ကူညီပါဦးဗျာ ကျွန်တော်ဘာမှလည်းမလုပ်ထားဘဲနဲ့ အခု အဖမ်းခံနေရတယ်"
.....
ဦးမဟာအောင် စစ်ဆေးရေးအခန်းတွင်းသို့ ဝင်လိုက်သည်နှင့် တွေ့လိုက်ရသည်မှာ သစ်မောင်မင်းလျှံ။ ဟုတ်ပေသည်။ ဂျွန် ၏ သူငယ်ချင်း သစ်မောင်မင်းလျှံ အစစ်ပင်။