ဂျွန် သစ်မောင်အိမ်ကနေ ပြန်လာခဲ့လိုက်လေသည်။ အိမ်ပြန်အရောက် အိမ်ရှေ့၌ ချွတ်ထားသည့် ဖိနပ်ကြောင့် ဖေဖေပြန်ရောက်နေမှန်းသိလိုက်သည်။
"သခင်မလေး ပြန်ရောက်ပြီကိုး ဆရာက သခင်မလေး ပြန်ရောက်ရင် အပေါ်ထပ်က ဆရာ့ရုံးခန်းထဲကို လာဖို့အတွက် မှာလိုက်တယ်ကွယ့်"
အိမ်ထဲဝင်ဝင်ချင်းမှာပဲ ဦးစိန်ပု၏ ပြောသံကြောင့် ဂျွန် တစ်ယောက်ခေါင်းညိတ်၍သာ ဖြေလိုက်ပြီး အပေါ်ထပ်သို့ တက်လာလိုက်သည်။
......
ဦးမဟာအောင်၏ ရုံးခန်း၌....
"ဂျွန့်ကို ခေါ်တယ်ဆိုလို့ ဘာကိစ္စရှိလို့လဲမသိဘူး"
သမီးဖြစ်သူ၏ ပြောသံကြောင့် ဦးမဟာအောင်တစ်ယောက် လုပ်လက်စအလုပ်အား ခဏထားလိုက်ပြီး ပြုံး၍ ပြန်လည်ပြောလိုက်သည်မှာ....
"ဟုတ်တယ် ပေးစရာလေးတစ်ခုရှိလို့...."
"ဟုတ်.."
"ဒါနဲ့ သစ်မောင်တို့ အိမ်ဘက်သွားတယ်ဆို ဘာကိစ္စရှိလို့လဲ"
"မြခက်ပျိုနဲ့ သစ်မောင် လမ်းခွဲလိုက်ကြတာ အဲ့အကောင် ဘယ်လိုအခြေအနေရှိလဲဆိုတာ သွားကြည့်တာ"
ဂျွန် ထိုစကားပြောရင်းနှင့် တစ်ယောက်ထိုင် ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။
"အော်..လမ်းခွဲလိုက်ကြပြီလား"
"ပေးစရာရှိတယ်ဆို ပေးလိုက်တော့လေ"
"အော် ဟုတ်သား အဖေ မေ့နေတာ စကားကောင်းနေတာနဲ့"
အလုပ်စားပွဲရှိ ဒုတိယအံဆွဲထဲတွင်ထည့်ထားသော အဝတ်နှင့်ထုပ်ထားသည့် ပစ္စည်းတစ်ခုကို ဦးမဟာအောင် ထုတ်ယူလိုက်သည်။ ပြီးသည်နှင့် ဂျွန့်အား လှမ်းပေးလိုက်သည်။
"ဘာကြီးလဲ"
ဂျွန် မယုံသင်္ကာမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
"ဖွင့်ကြည့်လိုက်လေ"
ဂျွန် ဖွင့်ကြည့်လိုက်ချိန်တွင် ပေါ်လာသည့် မျက်နှာဖုံးတစ်ခု....
"အဲ့မျက်နှာဖုံးက အဖေ နယ်မြို့တစ်ခုမှာ တာဝန်ကျချိန်တုန်းက အဖေ့ကို လက်ဆောင်ပေးလိုက်တဲ့ မျက်နှာဖုံးလေး"
သိချင်စိတ်ပြင်းပြနေသည့် စိတ်အစုံဟာ မျက်နှာထက်တွင်ထင်ပေါ်နေလေသည်။
"အဲ့မျက်နှာဖုံးက သူတို့မျိုးနွယ်စုရဲ့ အမဲလိုက်ချိန်တွေ ပြီးတော့ ရဲရင့်တဲ့စိတ်ကို မွေးမြူချိန်တွေမှာ တပ်လေ့ရှိကြတယ်တဲ့။ ကိုယ်လုပ်မယ့် ကိစ္စရပ်တစ်ခုမှာ ကိုယ့်စိတ်တွေကို မြှင့်တင်ဖို့အတွက် ဆင်ယင်ကြတယ်ဆို ပိုမှန်မယ်"
"ဒါဆို ဘာလို့ ဒီမျက်နှာဖုံးကို ဂျွန့် ကိုပေးတာလဲ?"
"သမီးအတွက် ဒီမျက်နှာဖုံးက တစ်ချိန်ကြရင် အသုံးဝင်လောက်မယ်ထင်လို့"
ဂျွန်ဘာမှ ထပ်မပြောလေတော့ဘဲ ခေါင်းညိတ်နေမိလိုက်သည်။
"ဒါဆို ဘာပြောဦးမလဲ"
"ဘာမှပြောစရာမရှိတော့ပါဘူး"
"ဟုတ်ကဲ့ ကောင်းသောညချမ်းပါ"
......
"စိမ်း ဂျွန်နသန့်အိမ်ကနေပြန်လာကတည်းက မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပါဦး"
"ကိုကို...."
"ဗျာ...."
"ပျိုနဲ့ သစ်မောင်တို့ လမ်းခွဲလိုက်ကြပြီတဲ့"
"သူတို့လမ်းခွဲတာလေ ကိုယ်တိုနဲ့ဘာဆိုင်လို့တုန်း စိမ်း ရယ့်"
"ဆိုင်တာပေါ့လို့ တစ်နေ့ ကိုကိုက စိမ်းကို ထားသွားရင် ဘယ်လိုလုပ်မလဲ"
"ကဲ ရစ်စိန်လေးရယ် မနေ့ကမှ ချစ်သူစဖြစ်တာကို ဘာလို့ ဒီလိုစကားတွေပြောနေတာတုန်း"
"ဟွန့်...သိလိုက်ပါပြီ ကိုကိုက စိမ်း ကိုမချစ်ပါဘူး"
စိမ်း ၏ ခန္ဓာကိုယ်လေးအား မာန့် ဘက်သို့ လှည့်လိုက်ကာ ရင်ခွင်ထဲထည့်လိုက်ပြီး....
"စိမ်း သေချာနားထောင်နော် ကိုကို စိမ်းကို ဘယ်လောက်ချစ်လဲဆိုတာ ရေတွက်လို့တောင်မရဘူး ပြီးတော့ စိမ်းကို ကိုကိုက ဘာလို့ ထားသွားရမှာလဲ ကိုယ်ကတော့ ကိုယ်ချစ်တဲ့သူကို လက်မလွှတ်ဘူး အဆုံးထိ အတ္တကြီးတယ်လို့ ပြောရင်လည်း အပြောခံလိုက်မယ်"
မာန့် အဖြေကြောင့် စိမ်းကျေနပ် သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပန်ဆင်လိုက်လေသည်။
"ချစ်တယ် ကိုကို"
"ကိုယ်က ချစ်တာထက်တောင်ပိုပါသေးတယ်ကွာ"
ဆက်ရန်ရှိသည်....
..................
Lavender June 💜