လပြည့်ဝန်းကြီးက တဖြေးဖြေးမြင့်တက်လာလေ ဂျွန် ၏ လူသားအသိစိတ်များဟာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လေလေ။ တောနက်သည်ကို သတိထားမိ၍ အသွင်ပြောင်းရန် သစ်ပင်၏ ခြေရင်းတွင် အဝတ်အစားများ ချွတ်ကာ ထားလိုက်ပြီး လ သည်လည်း ဦးခေါင်းတည့်တည့်သို့ ရောက်သည်နှင့် နောက်ပြန်ကျွမ်း သုံးခေါက်ထိုးပြီး လူအသွင်မှ ကျားအသွင်သို့ ကူးပြောင်းလိုက်လေသည်။
ထို့နောက် ရှမ်းရိုးမ အတွင်းမှ ထွက်ပေါ်လာသော ကျားဟိန်းသံတစ်ခု...
လရောင်အောက်တွင် ပြေးလွှားနေသော ကျားဖြူတစ်ကောင်ဟာဆိုလျှင် သိပ်ကို လှပလွန်းသည့် ပန်းချီကားတစ်ချပ် သဖွယ်...
ထိုသူသည်ကား သမန်းကျားမျိုးနွယ်၏ ဆက်ခံသူ ၊ မျိုးနွယ်၏ တစ်ယောက်တည်းသော ကျားဖြူ ၊ ရှမ်းရိုးမ ၏ သခင်မ ၊ တစ်နည်းအားဖြင့် သမန်းကျားပညာအား တတ်မြောက်သည့် ထမံသီ မျိုးနွယ်စုအား စောင့်ရှောက်ပေးသည့် ကျားဖြူ နန်းမဟာစီ ပင်တည်း....
.......
"မေမေ ဘယ်လိုတွေဖြစ်နေတာလဲ...?"
"သမီး ပျို အခုချက်ချင်း မြို့တော်က မြတ်မဟာအိမ်တော်မှာ သွားနေချည်သမီး ၊ ဒီမှာဆိုရင် သမီးအတွက်မလုံခြုံဘူးကွယ့်"
"မေမေ ဘာတွေပြောနေတာလဲ"
မျက်ရည်များသီဝိုင်းနေသည့် မေမေက ပျို့အား မြို့တော်ကို သွားရန်အတင်းတိုက်တွန်းနေခြင်းမှာ ဒါ ပထမဦးဆုံး အကြိမ်ပင်ဖြစ်သည်။
"သမီးရဲ့ အစ်ကိုဝမ်းကွဲကို ရေဗန်ကို သိတယ်မလား သမီး"
"ဟုတ်သိတယ်လေ မေမေ"
"အဲ့ လူ့လောဘသားတွေနဲ့ ဝေးရာကို အတတ်နိုင်ဆုံးရှောင်ပါကွယ် ရေဗန်ထက်ပိုဆိုးတဲ့သူက အခု ဒီကိုလာနေပြီ သမီးရဲ့"
"ရေဗန်ထက်ပိုဆိုးတဲ့သူ မဟုတ်မှလွဲရော....ဦလေး....ဦးလေး ကယ်ဗင်လား"
"ဟုတ်တယ် သမီးတို့ရဲ့ ဦးလေး ဒီနိုင်ငံကို ပြန်ရောက်နေပြီ သူ ဒီအိမ်ကိုလာနေပြီ အဲ့ဒါကြောင့် သမီး မြတ်မဟာ အိမ်တော်မှာ ခဏလောက်ရှောင်နေပါလားကွယ်"