"အချစ်ဦး မြေးဦးရသည့်အထိ မမေ့" ဆိုသည့် စကားအတိုင်း ကျွန်မ မြခက်ပျို ၏ အချစ်ဦးဖြစ်သည့် သစ်မောင်မင်းလျှံ ဆိုသည့် ကိုသစ်ကိုတော့ မေ့နိုင်ခဲ့ခြင်းမရှိပါလေ။
ကိုသစ်ကို ကျွန်မ တကယ်စိတ်နာမိသည်။ သို့သော် ချစ်တဲ့စိတ်ကပဲ ထိုစိတ်နာနေသည့် ခံစားချက်ကို ဖုံးလွှမ်းပစ်လေသည်။
ဒါပေမယ့် ကံတရား၏ မျက်နှာသာမပေးမှုကြောင့် ကျွန်မ ကိုသစ်နှင့်ဝေးဖို့ အကြောင်းဖန်လာခဲ့သည်။ ဖေဖေ ၏ ညီ ၊ ရေဗန် ရစ်ချတ် နှင့် ကျွန်မ မြခက်ပျို တို့၏ ဦးလေး ကယ်ဗင် ရစ်ချတ်က အလယ်ပိုင်းဒေသက ကျွန်မ တို့အိမ်ကို ရောက်လာပြီး မေမေ့စီကနေ အမွေခွဲပေးဖို့အတွက် ပြောလာလေသည်။
ဖေဖေကလည်း အခြားနိုင်ငံမှာ တာဝန်ကျနေသောကြောင့် မေမေ နှင့် ကျွန်မမှာ ဘယ်လိုလုပ်ပြီး ထို လူ့လောဘသား ထံမှ လွတ်နိုင်မည်နည်း။
ထို့ကြောင့်ပဲ မြတ်မဟာအိမ်တော်ကို အကူအညီတောင်းကာ ထိုကိစ္စအား ဖြေရှင်းဖို့ဖြစ်လာလေသည်။ ဒါ့ကြောင့် ဂျွန် နှင့် ပျို တို့ကြားထဲက မင်္ဂလာပွဲကပေါ်ပေါက်လာသည်။
ပျို့ကို မြို့အုပ်မင်းရာထူးရဖို့အတွက် ဂျွန်က အသုံးချသလို ဂျွန်တို့ အိမ်ရဲ့ အာဏာကြောင့်နှင့်ပဲ အမွေကိစ္စက ကယ်ဗင် လက်ထဲမှာ လွတ်မြောက်ခဲ့လေသည်။
အချစ်ကြောင့်မဟုတ်ဘဲ တစ်ယောက်လိုအပ်ချက် တစ်ယောက်ဖြည့်ဆည်းနိုင်သော ကြောင့်သာ လက်ထပ်ခဲ့သည့် အိမ်ထောင်ရေးဖြစ်သော်လည်း ဂျွန် က ပျို့ ကို အတော်လေး ဂရုစိုက်ပေးသည်။ ထို့ကြောင့်ပဲ ပျို ဘဝကို ပျော်ရွှင်စွာနေထိုင်နိုင်လေသည်။
တစ်နေ့တော့ နှစ်ဖက်မိဘ၏ တိုက်တွန်းမှုကြောင့် ပျို့ကို ဂျွန်က ကလေးယူဖို့ပြောလာလေသည်။ သို့သော် ပျို လန့်သွားရသည်မှာ ပျိုတို့က ဘယ်လိုလုပ်ကလေးယူမည်နည်း။ ထိုအချိန် ဖန်လုံးလေးတစ်လုံးကို ဂျွန် က ထုတ်လာပေးပြီး ပျို့ လက်ထိပ်လေးအား အပ်ဖြင့်ဖောက်ကာ သွေးစက်တစ်စက်ကို ဖန်လုံးပေါ်ချလိုက်လေသည်။
ထို့အတူ ဂျွန် ၏ သွေးစက်ကိုပါ ဖောက်ချလိုက်ချိန် ဖန်လုံးမှ အလင်းရောင်တို့ထွက်လာပြီး အထဲတွင် ကလေးနှင့်အတူသော အရိပ်လေးတစ်ခုက ဖန်လုံးထဲတွင် နေရာယူသွားလေသည်။
ထိုမှတစ်ဆင့် သားလေးက ကျွန်မတို့ မိသားစု ဘဝထဲကို ရောက်လာလေသည်။ ဂျွန် ကလေ သားလေးကို သိပ်ချစ်ပေသည်။ ကျွန်မကိုလည်း ဂရုစိုက်ပေးလေသည်။
ကျွန်မအပေါ်ကိုလည်း ဂျွန်က အိမ်ထောင်ဖက် အနေဖြင့် လေးစားသလို ညီမလေးတစ်ယောက်လိုလည်း စောင့်ရှောက်ပေးသည်။ ဂျွန့် ကြောင့်နဲ့ ဘဝက ပျော်ရွှင်ပေမယ့် နှလုံးသားတွင်တော့ မပျော်ရွှင်နိုင်ပါရှင်။
ကျွန်မမှ ကိုသစ်ကို မမေ့နိုင်သေးပဲရှင်....
..................
Lavender June 💜