"ဒီစာအတိုင်းဆိုရင် ပျို က တကယ်ကြီး အလယ်ပိုင်းဒေသကို ပြန်သွားတာလားဟ"
စိမ်း တစ်ယောက်စိုးရိမ်စွာဖြင့် ဂျွန့်အား အမေးတစ်ခုပြုမိလိုက်သည်။
"ဒါဆို သစ်မောင်ဘယ်လိုလုပ်မလဲ"
စိမ်း အမှန်တကယ်သစ်မောင်အတွက် စိတ်ပူနေခြင်းဖြစ်သည်။ သစ်မောင်ကို ပျို ကလွဲပြီးမည်သူမျှ သဘောမတူပေ။ စိမ်း ယုံကြည်ထားသည်မှာ ပျိုက သစ်မောင်အတွက် လက်တွဲဖော်ကောင်းတစ်ယောက် ဆိုသည်ပင်။
"ရေစက်ကုန်တော့လည်း ခွဲခွာကြရတာပါပဲ"
နှစ်ယောက်လုံး ဘာမှဆက်မပြောဖြစ်တော့ဘဲ ငြိမ်ကျသွားလေတော့သည်။
"ဒါဆို ဂျွန် ငါပြန်လိုက်ဦးမယ်နော် သစ်မောင်ကိုလည်းသွားကြည့်လိုက်ဦးမယ်"
"နေ....နေ... ငါပဲသွားကြည့်လိုက်မယ်"
"ငါပါ လိုက်ခဲ့မယ်လေ"
"ရပါတယ် နင်သာလေ နင့်ကိုစောင့်နေတဲ့ တစ်စုံတစ်မာန် စီကိုသာ ရောက်အောင်ပြန်နော် ဟိုကောင့်ကိုတော့ ငါပဲ အခြေအနေသွားကြည့်လိုက်မယ်"
"ဟာ...ဂျွန်ကလည်း"
အရှက်သည်းတတ်သည့် စိမ်း အကျင့်လေးက ဂျွန့်အပြောတစ်ခုကြောင့် ပြန်လည်ပေါ်လာသည်။
......
ညနေခင်းတစ်ခု၌.....
"မိဖြူရေ ငါ သစ်မောင်တို့အိမ်ဘက် ခဏသွားလိုက်ဦးမယ်"
"ဟင် မမလေး တစ်ယောက်ထဲလား မိဖြူအဖော်လိုက်ပေးမယ်လေ"
"နေပါစေ....တစ်ယောက်ထဲပဲသွားလိုက်မယ် သိပ်မကြာပါဘူး"
"ဟုတ်ကဲ့ မမလေး မမှောင်ခင်တော့ ပြန်လာနော်"
"အင်းဟုတ်ပြီ"
......
သစ်မောင်၏အိမ်ဘက်သို့ ဂျွန်ထွက်လာခဲ့လိုက်လေသည်။ သစ်မောင်တို့အိမ်ရောက်သော် ပုံမှန်လည်းဝင်ထွက်နေကြမလို့ ခြံစောင့်ဦးလေးကလည်းသိနေ၍ တံခါးလာဖွင့်ပေးလေသည်။
"ကြီးမေ..ကြီးမေ"
ဂျွန် ကြီးမေကို အော်ခေါ်နေမိသည်။