"မှုံရွှေရည်...
ထုံဝေစီ.....
ဝသုန်မြေမဟီ..."
လူအားလုံးရဲ့အကြည့်သည် ဇာတ်ခုံစင်မြင့်ပေါ်တွင် ပရိသတ်များအား ကျောပေးကာရပ်နေသော အငြိမ့်မင်းသမီးစီသို့ ကျရောက်သွားလေသည်။ အဖြူရောင်အငြိမ့်မင်းသမီးဝတ်စုံလေး ဝတ်ထားကာ ဆံကေသာထက်မှာ အဖြူရောင်နှင်းဆီတစ်ပွင့်ကို လှပတင့်တယ်စွာ ပန်ဆင်ထားသူမှာ မျက်စိပဒေသာ ဖြစ်လှပေသည်။
"မှုံရွှေရည်
ခိုင်မာလာ နှင်းဆီ
ကြိုင်စွာသာသင်းကြည်
မြိုင်ဟေမာအတွင်း ထုံဝေစီ
ဆင်းရနံ့က မွှေးယဉ်သည်
ဝင်းဖန့်ဖန့် ထွေးချင်ပြီ
ရှင်းသန့်သန့် ပန်းဝတ် မှုံရွှေရည် ... မှုံရွှေရည်
ဖူးပွင့်ငုံဝေရွှေရွှေနှင်းဆီ
ချူချင်သူတွေ များလှပေသည်
ချစ်သူတွေဝိုင်းကာပတ်လည်
မောင့်ရဲ့မှုံရွှေရည်
ပွင့်လွှာတွေ တကယ်မညှိုးနွမ်းစရာ
ထိမ်းသိန်းခဲ့တာ ပန်းအလှ မှုံရွှေရည်"
ကျောပေးကာ သီချင်းဆိုနေသော မင်းသမီးမှာ အရှေ့ဘက်သို့လှည့်လာပြီး စတင် က လေတော့သည်။ သို့သော် ပရိသတ်တွေ၏ မျက်လုံးထဲတွင် ထူးဆန်းနေသည့် အရိပ်အယောင်တချို့က ဖြတ်ပြေးသွားလေသည်။ အကြောင်းကတော့ မင်းသမီးသည် မျက်နှာထက်တွင် မျက်နှာဖုံးကိုတပ်ဆင်ကာ အက အလှကို ကနေခြင်းကြောင့်ပင်။
"မှုံရွှေရည် ပန်းအလှကို
နမ်းမဝတော့သည်
မြင်မြင်သူ အသည်းနင့်အောင်
စွဲချစ်ကြသည်
ပြည်သူ့အသည်းစွဲ မှုန်ရွှေရည်
ညီတူမခွဲပဲ ဝသုန်မြေဟီ
မေတ္တာရေ ရွာသွန်းဖြိုးလို့
ရွှေမိုး ငွေမိုးရွာမည်"
ပရိသတ်ထဲမှ ပုရိသတွေရဲ့ အကြည့်များသည် ထိုမင်းသမီးအား အနုပညာကို ခံစားသက်ဝင်စွာ ကြည့်ရှုသည့် အကြည့်မျိုးမဟုတ်လေဘဲ တဏှာရာဂအကြည့်များဖြင့်ကြည့်ရှုနေကြလေသည်။ စင်မြင့်ပေါ်မှ မင်းသမီးကတော့ ဘာကိုမှမမှုဘဲ သူမ၏ အနုပညာကို ထုတ်ဖော်ပြသ၍ ဝင့်ကြွားစွာ က နေသည်မှာ လှပသည်ထက်ပင် ပိုနေပါသေးသည်။
"ဖူးပွင့်ငုံဝေရွှေရွှေနှင်းဆီ
ချူချင်သူတွေ များလှပေသည်
ချစ်သူတွေဝိုင်းကာပတ်လည်
မောင့်ရဲ့မှုန်ရွှေရည်
ဖူးပွင့်ငုံဝေရွှေရွှေနှင်းဆီ
ချူချင်သူတွေ များလှပေသည်
ချစ်သူတွေဝိုင်းကာပတ်လည်
မောင့်ရဲ့မှုန်ရွှေရည်
ပွင့်လွှာတွေ တကယ်မညှိုးနွမ်းစရာ
ထိမ်းသိန်းခဲ့တာ ပန်းအလှ မှုန်ရွှေရည်"
သီချင်းကလည်းပြီးဆုံးသွားခဲ့သလို မင်းသမီးလေး၏ အက အလှ မှာလည်း သီချင်းသံနှင့် အတူပြီးသွားခဲ့လေသည်။ ထိုအချိန် ပရိသတ်ထဲမှ အရာရှိဟု ထင်ရသည့် လူတစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာကာ မင်းသမီးလေးအား ဆုငွေချီးမြှင့်ပြီး ထိကပါးရိကပါးလုပ်ကာ ပြောလိုက်သော စကားတစ်ခွန်းမှာ....
"ဒီထက်များတဲ့ ငွေတွေကို လိုချင်ရင် ကိုယ် နဲ့ တစ်ညလောက် လိုက်ခဲ့ပါလား"
ထိုကဲ့သို့ပြောပြီး မင်းသမီး၏ နဘေးသို့ကပ်ကာ နှစ်ကိုယ်ကြားသာ ကြားရလောက်သည့် အသံနှုန်းဖြင့် ခပ်ဟဟ ရယ်မောသွားလေသည်။ ထိုလူ စင်မြင့်အောက်ကို ဆင်းသွားပြီး များမကြာမီ မင်းသမီးလေးကလည်း စင်မြင့်အောက်ကို ဆင်းလာကာ ထိုလူထိုင်သော ဝိုင်းကို သွား၍ ရပ်နေလိုက်သည်။ ထို့နောက် ထွက်ပေါ်လာသော အော်သံနက်ကြီးတစ်ခု.......
"အားးးးးးးးးးးးးးးးးးး"
ဆက်ရန်ရှိသည်.......
..................
ဒီအပိုင်းမှာ သုံးထားတဲ့ သီချင်းကတော့ ဝင်းဦးရဲ့ မှုန်ရွှေရည် ဆိုတဲ့သီချင်းပါရှင့်။
Lavender June 💜