ရှောင်ကျန့်အထုပ်လေးပိုက်ကာကောင်မလေးခေါ်ရာသို့လိုက်လာခဲ့သည်။မျက်နှာထက်နုနုတွင်လည်းအပြုံးများကဝေဝေဆာဆာဖြစ်လို့နေသည်။သူ မကြာခင်မှာသူ့အမေနဲ့ညီမဆီကိုပိုက်ဆံပို့ပြီးထောက်ပံ့ပေးနိုင်တော့မည်မဟုတ်လား။
အတွေးနဲ့နစ်မျောနေတဲ့ရှောင်ကျန့်ကလူတစ်ယောက်ကိုတိုက်မိသွားသည်။
"အင့်"
*ဘုတ်*
ရိပေါ်တစ်ေယာက်ဆံထိုးတွေထည့်ထားတဲ့ဘူးကိုင်ပြီးလူတစ်ယောက်ကိုတိုက်မိသည်။သူလည်းရှပ်ပြာသုတ်ပြာလာသည်မို့လေ။အကြောင်းရင်းတော့ဒီနေ့ဆောင်ကြာမြိုင်ကအကြီးအကဲကိုဆံထိုးပို့ဖို့လာရင်းလမ်းမှာကလေးတွေဒိုးပစ်နေတာတွေ့လို့သူပါရောပြီးဝင်ဆော့လိုက်သောကြောင့်ပင်။ဒါကြောင့်ရိပေါ်က
"သွေ့ပုချိ သွေ့ပုချိ ကျွန်တော်အလျင်လိုနေလို့ပါ"
ရိပေါ်တောင်းပန်ရင်းဆံထိုးတွေဘူးထဲသို့ပြန်ကောက်ထည့်နေသည်။ရှောင်ကျန့်ကပါဆံထိုးတွေဝိုင်းကောက်ပေးသည်။ရိပေါ်ရှောင်ကျန့်ကိုလည်းမကြည့်ဖြစ်ပါ။ဆံထိုးသာအသဲသန်ကောက်ပြီးထဖို့လုပ်တော့ဖြူဥနေတဲ့လက်နုနုကဆီးလို့ကြိုသည်။ပြီးတော့ထိုလက်ပိုင်ရှင်လေးက
"ရပါတယ်"
ရိပေါ်တောင်းပန်တာကိုအခုမှတုံ့ပြန်တဲ့ကောင်းလေးကိုရိပေါ်မော့ကြည့်လိုက်သည်။ထိုအချိန်ရိပေါ်မှာအသက်တောင်ကောင်းကောင်းမရှူနိုင်တော့။သူမော့ကြည့်လိုက်တဲ့ထိုကောင်လေးရဲ့မျက်ဝန်းတွေဟာဤမြေပေါ်မှာရှိတဲ့ပုလဲနဲ့မဟူရာပေါင်းစပ်ထားသည့်အတိုင်း သိပ်ကိုလှရက်လွန်းသည်။မျက်ဝန်းနက်တွေထဲရိပေါ်ပိတိမိနေတုန်း....
(A/N:ပေါ်ကြီး:အကြိမ်ကြိမ်ရင်ခုန်မိသောမင်းမျက်ဝန်း။ .....ကိုယ့်ဘာသာဆက်ဆိုကြ အဟမ်း"
"ဟို ဟိုဒီကသခင်လေး"
ရှောင်ကျန့်သူ့ကိုရွှန်းရွှန်းစားစားကြီးစိုက်ကြည့်နေတဲ့ရိပေါ်ကိုအသိဝင်အောင်အရှက်ပြေချောင်းဟန့်လိုက်ပြီး
"အဟမ်း အဆင်ပြေရဲ့လား"
ရိပေါ်အခုမှသတိပြန်လည်လာပြီးရှောင်ကျန့်မေးတာကိုဖြေလိုက်သည်။

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့