ဝမ်ပါးဟာအိမ်ရှေ့တွင်ဓားလုပ်နေရင်းရိပေါ်နဲ့ဆော့တဲ့ကလေးလေးရဲ့ခေါ်သံကြားတာကြောင့်လှည့်ကြည့်လိုက်သည်။
"အဘိုးဝမ်ရေ့"
"ဟေ့ ပြော ငါ့မြေး"
"ဟောဟဲ ဟောဟဲ အ အဘိုးဝမ်တို့အိမ်ကိုရဲမက်တွေလာနေပြီ ကိုကြီးရိပေါ်ကိုဖမ်းမိုါတဲ့ မြန်မြန်ပြေးကြတော့ လမ်းတွေမှာလဲကိုကြီးရိပေါ်ကိုနိုင်ငံသစ္စာဖောက်ဆိုပကီးစာတွေလိုက်ကပ်ထားတယ်"
"ဟေ"
ထိုကလေးရဲ့အပြောအဆုံးတွင်ရဲမက်များစွာဟာဝမ်ပါးတို့ရဲ့ခြံဝန်းလေးကိုဝိုင်းထားပြီးဖြစ်သည်။ဆိုလိုသည်ကတော့ထိုကလေးလေးရဲ့သတင်းပေးတာနောက်ကျသွားသည်ပေါ့နော်။
ဝမ်ပါးလည်းရုတ်တရက်မို့လန့်သွားသည်။ဒါပေမယ့်တတ်နိုင်သမျှမျက်နှာကိုငယ်ထားပြီးသူ့ဆီကိုလျှောက်လာတဲ့လူကိုကြည့်မိသည်။ထိုသူကရာထူးကြီးထဲကဖြစ်သည်ကိုဝမ်ပါးရိပ်မိသွားသည်။တစ်စိတ် သူဒီလူရဲ့မျက်နှာကိုရင်းနှီးနေသလိုလို။ဟုတ်တာပေါ့သူ့ဆီကိုလက်နက်လာမှာသွားတဲ့စစ်သူကြီးဆိုတဲ့လူပဲ ။
"စစ်သူကြီးတို့ပါလား ဘာကိစ္စများရှိလို့ကျွန်တော့်ဆီတကူးတကရောက်လာတာလဲဗျာ့"
"ဒီအိမ်မှာသစ္စဖောက်ရှိတယ်လို့သတင်းရတယ်မင်းကြီးရဲ့အမိန့်တော်အရအပြစ်သားဝမ်ရိပေါ်ကိုဖမ်းဆီးမလို့ပါ ပန်းပဲဆရာ ဝမ်ရိပေါ်ရှိသလား"
**************************************
တစ်ဖက်တွင်လည်းမောင်ဟာချစ်သောကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။သူတို့ရဲ့အခုပုံစံကိုပြောပါဆိုရင်လေတောင်သူတို့ကြားထဲကိုဝင်နိုင်မည်မထင်ပေ။ပြီးတော့မောင်ကချစ်သောနဖူးလေးကနမ်းရင်းပြောသည်။"မောင်တို့ အမြန်လက်ထပ်ရအောင်နော် အချစ်"
"ဘာ ဘာလို့အဲ့လောက်တောင်လောနေတာလဲ ရိပေါ်"
"ဟာ ချစ်သောကကွာ ထဖောက်ပြန်ပြီ ခုနကပဲကျွန်တော့်ကိုမောင်လို့ခေါ်ပြီးအခုကျရိပေါ်တဲ့ဘာလဲမောင်လို့အမြဲခေါ်အောင်ခိစ်သောအပေါ်အမြဲတက်လုပ်နေရမှာလား''

YOU ARE READING
ချစ်သောအတွက်ဆိုရင်
أدب الهواةဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့