ရှောင်ကျနိ့သူ့ကိုယ်ကိုနွားနို့နဲ့သန့်စင်လိုက်သည်။ပြီးတော့ဝတ်ရုံဖြူလွှလွှကိုဝတ်ထားပြီးဆံပင်အလုံးစုံကိုချထားသည်။ကြေးမုံရှေ့မှာထိုင်ပြီးတော့သူ့ဆံပင်တွေကိုဖြီးနေသည်။ပြီးတော့သေသေသပ်သပ်ဖြစ်အောင်အနောက်ကပိတိကြိုးအဖြူနဲ့ခပ်လျော့လျော့ဆွဲချည်လိုက်သညိ။ကပိုကရိုစီးထားတဲ့ဆံပင်လေးတွေနဲ့အတူရှောင်ဟာသိပ်လှလွန်းပါသည်။ဒီပုံကိုသာတစ်ခြားသူတွေမြင်ရင်သေချာသည်။ရှောင့်ကိုအလိုရမ္မက်တွေပြည့်တဲ့မျက်လုံးပေါင်းသောင်းေခြာက်ထောင်နှင့်ကြည့်ကြလိမ့်မည်။ရှောင်ဟာသိပ်လှတဲ့အပြုံးတစ်ခုကိုဖန်ဆင်းပြီးကြေးမုံရှေ့မှာသူ့ကိုယ်သူကြည့်ပြီးပြုံးနေသည်။မျက်နှာချေအနည်းငယ်လိမ်းလိုက်သည်။ထို့နောက်နီရဲရဲနှုတ်ခမ်းသားထက်သို့အရောင်တင်ဆီလေးခပ်ပါးပါးလိမ်းလိုက်သည်။မပြင်မဆင်ရင်တောင်အရမ်းလှတဲ့အလှတရားလေးကအခုတော့လုံးဝကိုပိုပြီးပြည့်စုံသွားသည်။သူ့အတွေးနဲ့သူရီချလိုက်သည်။မကြာပါဘူးအဆောင်တွေကိုအချိန်သိအောင်အသံပေးတဲ့ကုန်းကုန်းအသံထွက်ပေါ်လို့လာခဲ့သည်။
"စံတော့ချိန်ည၈နာရီထိုးပါပြီ"
"စံတော်ချိန်ည၈နာရီထိုးပါပြီ"
"ည၈နာရီရှိပြီပေါါ အကုန်လုံအဆောင်တော်အသီးသီးဝင်ကုန်ကြမှာ ကောင်းလိုက်တာ ငါ့အကြံဖြစ်မြောက်တော့မှာပေါ့"
ရှောင်ကျန့်တိုးတိုးလေးရေရွတ်လိုက်သည်။ရပြီဒီလာက်ဆိုရိပေါ်ကသူ့အလှထဲမှာနစ်မြောေနတော့မှာ။အဆင်ပြေပါပြီ။ရှောငါကျန့်ခပ်တိုးတိုးနဲ့သာလမ်းလျှောက်လာခဲ့သည်။အခုတော့သူ့ပန်းတိုင်ဖြစ်တဲ့ဟိုတစ်ယောက်ရဲ့အဆောင်တော်ရှေ့ရောက်နေပြီ။ရှောင်ကျန့်ခပ်မြန်မြန်လေးဝင်လိုက်ပြီးမျက်လုံးကစားကြည့်တော့တွေ့ရပါပြီ။ကုတင်မှာပက်လက်အိပ်နေတဲ့သူ့ရဲ့အပိုင်ရိပေါ်။
ရှောင်ကျန့်စချင်လာတာကြောင့်အခန်းထဲမှာအလှဆင်ထားတဲ့ဒေါင်းမြီးကိုယူပြီးတော့ရိပေါ်နှာခေါင်းကိုကျီစယ်လိုက်သည်။ရိပေါ်မှာမျက်နှာပေါ်ကယားကျိကျိကြောင့်နိုးလာရသည်။မျက်လုံးပွင့်သွားသည်နှင့်တွေ့လိုက်ရသည့်မျက်နှာလေးေကြာင်ါရိပေါ်ပြုံးလိုက်မိသည်။

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့