"ဟဲဟဲ ပါးကလည်းကျွန်တော်ကပိစိလေးပဲနောက်ကျတာပါ"
"ဘာပိစိလေးလဲ ဟမ် နေဝင်ပြီးကြယ်တွေလတွေတောင်ထွက်နေတာကို ဘာကိုနည်းနည်းလေးနောက်ကျတာလဲ"
"ပါးကလည်း သား....သားကလေးတွေနဲ့ဆော့ရင်းနောက်ကျသွားတာပါနောက်တခါမဖြစ်စေရဘူးနော်...ပါး ပြီးတော့ပါးကြည့်အုံး"
ရိပေါ်ကလေးတွေနဲ့ဆော့ရင်းနိုင်လာတဲ့ပိုက်ဆံစေ့လေးတွေကိုသူ့ပါးကိုပြလိုက်သည်။
"ဟဲဟဲ... သားပိုက်ဆံပစ်ပပြီးနိုင်လာတာလေ"
"ဒီကောင်လေးနှယ်"ဝမ်ပါးထပ်ရိုက်ဖို့ပြင်နေတုန်း
"ပါးရယ်စိတ်လျော့ပါဗျာ ကျွန်တော်တို့မှာအဖေတစ်ခုသားတစ်ခုပဲရှိတာလေနော်..တော်ကြာပါးကျွန်တော့်ကိုရိုက်လို့ကျွန်တော်သေသွားရင်ပါးပဲဒူးနဲ့မျက်ရည်သုတ်ပြီးရင်ကျိုးနေရမယ်နော် ဟဲဟဲ"
"ထားလိုက်တော့ ငါစိတ်လျော့လိုက်မယ် ရေသွားချိုးတော့"
"ဟွန့်...ဟုတ်"
ရိပေါ်နှာရှုတ်ရင်းရေသွားချိုးသည်။
***************************************
#အတိတ်ဆီသို့တစ်ခေါက်ပြန်ခြင်း#ဝမ်ကျန်းလွမ်(တစ်နည်းအားဖြင့်)ရန်တိုင်းပြည်ရဲ့စစ်သူကြိးချုပ်တစ်ဦး။
ဝမ်ကျန်းလွမ်ဟာထက်မြက်သည်။ရဲရင့်သည်။ယောကျာ်းကောင်းတွေမှာရှိတဲ့အရည်အချင်းဂုဏ်ပုဒ်တွေအပြည့်ရှိသည်။သို့သော်......
ရန်တိုင်းပြည်ရဲ့အာဏာလုပွဲကြောင့်သူဟာရန်နိုင်ငံကထွက်လာခဲ့သည်။သမာသမတ်ကျတဲ့ဘုရင်ကိုနန်းချပြီးအကိုတော်ကိုသတ်ကာဘုရင်ဖြစ်လာတဲ့ေဟွ့ထျန်းရှီလက်အောက်မှာအသုံးတော်မခံဘဲမိန်းမနဲ့၃နှစ်သားလေးတစ်ယောက်ကိုဆွဲကာရန်တိုင်းပြည်ကထွက်လာခဲ့သည်။ဘုရင်ပုန်ကန်မှုဆိုပြီးသူတို့ကိုလိုက်လံဖမ်းဆီးသောကြောင့်ထွက်ပြေးရင်းနဲ့ကြင်သူသက်ထားကိုဆုံးရှုံးရသည်။မိန်းမသေသွားပြီးနောက်ပိုင်းဝမ်ကျန်းလွမ်ဟာဖုကော်ဟုအမည်ရသောတိုင်းပြည်တွင်နေထိုင်ခဲ့ပြီးပန်းပဲသမားလုပ်ကာ၃နှစ်သားကလေးလေးဝမ်ရိပေါ်ကိုစောင့်ရှောက်ခဲ့သည်။

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanficဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့