ရိပေါ်အမိန့်ပြန်တမ်းတွေရေးနေရင်းနဲ့သူ့ပေါင်ပေါ်ခေါင်းအုံးပြီးမုန့်စားနေတဲ့သူ့ချစ်သောကိုငုံ့ကြည့်လိုက်သည် ။ပါးလေးဖောင်းနေအောင်မုန့်ကိုထည့်ထားပြီးမျက်လုံးလေးတွေစင်းနေသည်။ညဉ့်နက်နေပြီမို့သွားအိပ်ခိုင်းတော့လည်းမရ။
''ချစ်သော သွားအိပ်တော့လေ ကျုပ်ခဏနေရင်လာခဲ့မယ်"
"ရတယ် ရတယ် ငါကမင်းနဲ့တူတူအိပ်မို့ပါဆို''
"ကျုပ်နဲ့တကယ်အတူတူအိပ်ချင်တာလား"
"အွန်း အွန်း"
"ဒါဆိုချစ်သောပင်ပန်းတော့မှာကျိန်းသေတယ်"
"ဟမ်"
ရိပေါ်ကမျက်ခုံးတစ်ဖက်ပင့်ပြီးတစ်ခြမ်းစောင်းအပြုံးကိုမျက်နှာထက်ချိတ်ဆွဲလို့ရီဝေဝေနဲ့ရှောင်ကျန့်ကိုကြည့်သည်။
"ဝမ်ရိပေါ်!!!!"
"ဗျာ!!"
"ငါမရှိတုန်းကရောအဲ့လိုပဲလား ပြောစမ်း တစ်နေ့ကိုကောင်မဘယ်နှစ်ယောက်လောက်ခေါ်အိပ်လဲ"
ရိပေါ်စချင်လာတာကြောင့်မျက်နှာကိုပြန်ပြင်လိုက်ပြီး
"အင်းး တစ်နေ့ကို ၅ယောက်လောက်ထင်တာပဲ"
"ဝမ်ရိပေါ်!!!!"
သူ့ချစ်သောကသူ့ကိုဆိုအရမ်းအော်တာပဲ။တစ်ခါတစ်ခါအော်လိုက်ရင်နားပါအူထွက်သွားသည်။
"ဟင့် လူယုတ်မာ ငါ ငါလည်းအဲ့လိုရွှတ်ခေါ်အိပ်ပစ်မယ် အင့် "
မျက်ရည်ဥလေးတွေကျလာတဲ့သူ့ချစ်သောကြောင့်ရီပေါ်သူစတာလွန်သွားပြီဆိုတာသိလိုက်သည်။
"ဟေး ဒီကိုကြည့် ချစ်သော ကျုပ်ကိုကြည့်''
အဲ့လိုလေးပြောလိုက်မှသူ့မျက်နှာကိုမော့ကြည့်လာသည်။မျက်နှာနုနူထက်မှအကြည်ရောင်မျက်ရည်ဥလေးတွေကိုအသားမာတက်ေနတဲ့သူ့လက်ကြမ်းကြမ်းနဲ့ဖိသုတ်ပေးလိုက်သည်။
"ကျုပ်ကတစ်ကယ်လုပ်ပါ့မလားဗျာ စလိုက်တာပါ ကျုပ်စွမ်းဆောင်ရည်အောက်မှာချစ်သောကလွဲပြီးဘယ်သူ့ကိုမှမထားဘူး ကျုပ်ကုတင်မှာချစ်သောကလွဲပြီးဘယ်မိန်းမ ဘယ်ယောကျာ်းအငွေ့အသက်မှမထားဘူး ကျုပ်အောက်မှာငိုညည်းနေရမယ့်သူကချစ်သောဖြစ်မှပဲရမယ် အဲ့လိုပဲ ကျုပ်ဆိုတာကလည်းချစ်သောနဲ့တွေ့မှအဲ့ဒီကိစ္စကဖြစ်လာတာ နှာဘူးလို့ပြောလည်းခံရမှာပဲ ကျုပ်အောက်မှာချစ်သောကလွဲရင်ဘယ်သူမှအော်ညည်းနေတာမမြင်ချင်ဘူး နားလည်လားချစ်သော"
YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့