ရှောင်ကျန့်နဲ့ရိပေါ်ပာာအခုချစ်ချစ်သူသက်တမ်းနှစ်လတာကိုဖြတ်သန်းခဲ့သော်လည်းသူ့တို့ကြားမှာထူးထူးခြားခြားရန်ဖြစ်တာမျို့မရှိခဲ့သလိုရှိခဲ့လျှင်လည်းနှစ်ယောက်သားကဘယ်ကိစ္စမဆိုနားလည်ပေးသည်။
အခုရှောင်ကျန့်ဒီနေု့အတွက်သေချာလေှးပြင်ဆင်နေရသည်။ဒီနေ့ကနန်းတော်မှာဘုရင့်မွေးေ့ပွဲအတွက်သွားဖျော်ဖြေရခြင်းမို့ပင်။
"ရှောင်လေးရေ ရှောင်လေး"
အခန်းတံခါးကိုလျိုချင်းးခေါက်တော့ရှောင်ကျန့်ကလာဖွင့်သည်။
"ဟုတ် ကျဲ"
"ရှောင်လေး ဝမ်ဝမ်မင်းကိုလာခေါ်တယ်လိုက်သွားအုံး"သာဈဂဪ၏ုံဝ
"ဝမ်ကလား''
"အင်း"
"ဟုတ် ဟုတ်ကျဲ"
ရှောင်ကျန့်လျိုချင်းထွက်သွားတော့အသဲသန်အခနိးထဲကကြေးမုံရှေ့ထိုင်လိုက်ပြီးဝမ်ပေးထားတဲ့ဆံထိုးလေးကိုထိုးကာဆံပင်ကိုသေသေသပ်သပ်လေးဖြီးလိုက်သည်။ပြီးမှအခန်းထဲကထွက်လာသည်။
"ဝမ့်"
ရိပေါ်တစ်ယောက်ကြာငယ်တွေကြားမှာညှပ်နေတာကြောင့်ရှောင်ကျန့်အော်ခေါ်ခြင်းပင်။သကာင်မလေးနှစ်ယောက်မှာတစ်ယောက်ကရိပေါ်ပေါင်ပေါ်ထိုင်ကာရိပေါ်ကိုပွတ်သပ်နေပြီးနောက်တစ်ယောက်ကရိပေါ်နောက်ကျောဘက်ကနေရိပေါ်ရဲ့ပုခုံးပေါ်သို့လက်သွယ်သွယ်များဖြင့်ပွတ်သပ်နေသည်။ရိပေါ်ကိုကြည့်ရတာလည်းအခက်တွေ့နေပုံ။မျက်နှာကြီးရှုံ့မဲ့ပြီးအော်ပဲငိုတော့မလိုလိုနဲ့ထိုင်မရထမရဖြစ်နေသည့်အတွက်ရှောင့်ကျန့်ရီချင်တာကတစ်ကြောင်း ဟိုဟာမလေးနှစ်သယာက်ကိုကြည့်ပြီးဒေါသထွက်တာကတစ်ကြောင်း ယောင်လည်လညဲ့လမ်းပျောက်နေသည်။ဒေါသပဲထွက်ရတော့မလိုလိုထိုင်ပဲရီရတော့မလိုလိုနဲ့။
အရင်ကဝမ်ကဒီကိုလာတာမှန်ပေမယ့်ကွေ့ပတိပြီးလာတာရယ် ကျပ်မပြည့်တဲ့အရူးလေးလိုလာတာရယ်ကြောင့်ဘယ်သူမှသိပ်သတိမထားမိ။အခုတော့ဝမ်ကသေသေသပ်သပ်ဖြစ်နေသည့်အပြင်အဖြူရောင်ပိတ်မှာချည်မျှင်ထိုးထားတဲ့အဝတ်နဲ့အတူအရင်ကဆံပင်ကိုမြင့်မြင့်ချည်ထားတဲ့သူကဒီနေ့တော့ထုံပြီးအဖြူရောင်ခေါင်းပတ်လေးပါပတ်လာတာကြောင့်အိမ်တော်တစ်ခုခုကသခင်လေးအောက့်မေ့ကာဟိုဟာလေးတွေကကပ်ကြခြင်းပင်။
YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့