ရန်တိုင်းသူပြည်သားများမှာသူတို့အရှင်လက်ဆက်ပွဲကြောင့်နန်းရင်ပြင်တွင်ရောက်လို့နေကြသည်။ ဝမ်ရိပေါ်ဟာ သူ့တိုင်းသူပြည်သားတွေကိုပါနန်းရင်ပြင်တွင်ဖိတ်ထားသောကြောင့်တစ်ခြားနိုင်ငံကမင်းများမှာအံ့ဩနေကြရတော့သည်။ဘုရင့်လက်ဆက်ပွဲကိုတက်နိုင်သည်မင်းဆွေမင်းမျိုးတွေ အရာထူးအရာခံတွေ သူဌေးသူကြွယ်တွေသာတက်ရောက်ရသည်။ယခုတွင်တော့အဲ့လိုလူတွေအပြင်ကိုတိုင်းပြည်မှာရှိတဲ့လယ်သမားတွေ ဈေးသည်တွေ တစ်ခြားသောဆင်းရဲတဲ့သူတွေကိုပါဖိတ်တာကြောင့်တစ်ခြားနိုင်ငံကမင်းတွေဟာ အံ့ဩနေကြရသည်။တစ်ချို့ကလည်းနှာခေါင်းရှုံ့ကြသည်။
ရန်တိုင်သူပြည်သားတွေကတော့အခွင့်ထူးခံလူတနိးစားတွေပါပဲ။တစ်ခြားနိုင်ငံမှာဆိုဘုရင့်မျက်နှာကိုသာမာန်လူတန်းစားတွေတွေ့ဖို့ဆိုတာထင်သလောက်မလွယ်ကူ။သူတို့ကတော့မင်းတရားကြီးနဲ့အတူညီလာခံတောင်ကျင်းပကြသည်။ဒါကိုကြည့်ခြင်းအားဖြင့်ရိပေါ်ပာာ သူ့တိုင်သူပြည်သားတွေကိုမြတ်နိုးပြီးလေးစားမှုရှိသည်ကိုပြသည်မဟုတ်လော။တစ်ခြားနိုင်ငံတွေမှာမကျင့်သုံးတဲ့ကျင့်ဝတ်တွေကိုကျင့်သုံးသည့်ရိပေါ်ဟာပြည်သူ့အချစ်တော်ဖခင်တစ်ယောက်ပင်တည်း။တိုင်းသူပြည်သားတွေကိုကျောသားရင်သားမခွဲခြားပဲတစ်တန်းထဲဆက်ဆံတတ်တဲ့ရိပေါ်ဟာတိုင်းပြည်ရဲ့ဖခင်နေရာယူထိုက်ပေသည်။
ဒါကြောင့်လည်းရိပေါ်ရဲ့တိုင်းပြည်မှာသူဖုနး်စားနည်းပါးသည်။မင်း ကောင်းတော့တိုင်သူပြည်သားတွေချမ်းသာကြသည်။တိုင်းပြည်ဟာလည်းစည်ပင်ဝဖြိုးသည်။ပိုက်ဆံသိပ်မရှိဘူးဆိုတဲ့လူတောင်ပိုးသားအလယ်လတ်ပိတ်စကိုဝတ်နိုင်ကြသည်။ တိုင်းပြည်ဟာ မင်း ကောင်းတော့အရမ်းကိုမှလှပသာယာပြီးချမ်းသာကြွယ်ဝလှသည်။ပညာတတ်လည်းပေါများပြီးအရာရှိတွေလည်းများပြားလှသည်။အခုတော့ရိပေါ်ဟာသူ့ချစ်သောလက်လေးကိုကိုင်ပြီးအနီရောင်ပိုးပိတ်စခင်းထားတဲ့အပေါ်မှာပုလ္လင်သို့ရောက်အောင်လျှောက်လှမ်းလာခဲ့သည်။
ပုလ္လင်ဆီရောက်တော့လက်ဆက်ပွဲကျင်းပပေးသည့်အဘိုးအိုဟာ
![](https://img.wattpad.com/cover/359810411-288-k54847.jpg)
YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့