အချိန်ကာလအားဖြင့်၂လတာကျော်လာပြီးကောင်လေးနှစ်ယောက်ဟာလည်းရင်းနှီးသတဲ့ရင်းနှီးလာသည်။မိတ်ဆွေသူငယ်ချင်းအဆင့်ကနေတော့မတက်ကြသေး။
ရိပေါ်ဒီနေ့သေသေသပ်သပ်ဝတ်ကာလက်နက်သွားပို့ဖို့ပြင်ရသည်။သူဒီနေ့ဖုကော်ရဲ့စစ်သူကြီးအိမ်ကိုလက်နက်သွားပို့ရင်းစစ်သူကြီးကနန်းတွင်းကိုခေါ်သွားမှာမို့နည်းနည်းပါးပါးပြင်ရသေးသည်။လက်နက်ဟုသာဆိုသော်လည်းလက်နက်မဟုတ်ဘဲသံချပ်ကာတစ်ခုသာဖြစ်သည်။ထိုသံချပ်ကာရဖို့ရိပေါ်နဲ့သူ့ပါးဟာအချိန်ပေါင်း၃နှစ်ကြာအောင်လေ့လာခဲ့ရတာဖြစ်သည်။သံမဏိလို့ခေါ်တဲ့သံချပ်ကာဖြစ်ဖို့မနည်းအားထုတ်ထားရတာဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစစ်သူကြီးဆိုတဲ့လူတစ်ယောက်ဟာရောက်လာပြီးဓားနဲ့ခုတ်ရင်တောင်လူကိုမထိခိုက်စေမယ့်သံချပ်ကာတစ်ခုမှာသွားသည်။
ဒီလောက်လက်နက်ထုတ်တဲ့နာမည်ကြီးနေရာတွေအများကြီးထဲကမှသူတို့လိုအညတရလေးတွေဆီကိုလာပြီးမှာသွားလည်းရိပေါ်တို့နားမလည်ပါ။
***************************************
ဖုကော်နန်းတော်၏ညီလာခံကျင်းပရာအစည်းအဝေးတွင်ကြီးမြတ်လှသောမင်းဧကရာဇ်တို့ထိုင်ရာစံမြန်းရာ ရာဇပုလ္လင်ပေါ်တွင်
ဖုကော်ဘုရင်ဖုရန်ကျင်းဟာစိတ်ပျက်စွာနဲ့ထိုင်နေသည်။အရှေ့ဘက်တိုင်းပြည်တစ်ခုကဖုကော်ကိုစစ်ကြေညာသည်။ဖုကော်သည်သံယံဇာတပေါကြွယ်ဝပြီးချမ်းသာတဲ့နိုင်ငံဖြစ်ပေမယ့်ပညာရှိတော့ရွှေထက်တောင်ရှားပါးသည်။တိုင်းပြည်ရဲ့လူဦးရေ၁၀၀ရာခိုနှုန်းမှာပညာတတ်လူတော်တွေဟာ၃၈ရာခိုင်နှုန်းကျော်ကျော်လောက်သာရှိသည်။"မင်းကြီးစစ်ငြမ်းချမ်းရေးယူသင့်ကြောင်းပါ"
ထိုစကားကတော့လက်ယာအမတ်ကျွင်းရှင်းယန်ဆီမှထွက်လာခြင်းပင်။
ထိုအချိန်မှာပဲလက်ဝဲအမတ်က
"မင်းကြီးဒီစစ်ပွဲကိုတိုက်သင့်ကြောင်းပါ''
"မဖြစ်ဘူးလက်ဝဲအမတ် ကျွန်တော်တို့တိုက်ရင်သေချာပေါက်ရှုံးလိမ့်မယ်"

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့