ဘဏ္ဌာရေးအမှုကလိုက်လို့ပြီးဆဲမှာသိလိုက်ရတာကအထိန်းဝောာ်ကျင်းတဲ့။ဒီလောက်ရွှေတုံးတွေအများကြီးဘယ်မှာသုံးဖို့လုပ်ထားတာလဲ။
"ဆက်စုံစမ်းထား ဒါနဲ့ချစ်သောအမှုကရော ဘယ်လောက်ရောက်နေပြီလဲ"
ရိပေါ်သူ့ရဲ့လျှို့ဝှက်တပ်ဖွဲ့ခေါင်းဆောင်
ဟူကျားနဲ့တွေ့ဆုံနေခြင်းပင်။"အရှင်ပြောရမှာစိုးရွံ့ပေမယ့်အခု မိဖုရားရှောင်ကိုအဆိပ်ခပ်တာကမိဖုရားခေါင်ပါအရှင် သက်သေတွေကဆက်လက်ရှာဖွေဆဲပါ ပိုပြီးလုံလောက်ဖို့အတွက် အကုန်လုံးအဆင်သင့်ဖြစ်စေချင်လို့ပါအရှင် "
"ထပ်ပြီး ဟွေ့ရန်ဟွားပဲလား"
"ဟုတ်ကဲ့ အကုန်လုံးကသူ့ကိုညွှန်ပြနေပါတယ်အရှင် သူ့ရဲ့အထိန်းတော်ကလိုက်လုပ်ပေးနေတာပါ"
"အင်း အကုန်လုံးစုံသွားမှအမြင့်ကနေရိုက်ချပြစ်ရမယ် အခုတော့ရွှေတုံးကိစ္စနဲ့နယ်စပ်ဘက်ကအခြေနေ ရယ် ဖုကော်ကအခြေနေရယ်ဆက်စုံစမ်းပြီးနောက်တစ်ပတ်လာလျှောက်တင် မင်းလာတာလူတွေမသိစေနဲ့ နားလည်လား"
"ဟုတ်ကဲ့ပါအရှင် ကျွန်တော်မျိုးအမိန့်တော်ကိုနာခံလျက်ပါ"
ရိပေါ်တို့နှစ်ယောက်လူစုခွဲလိုက်ပြီးကိုယ့်အရပ်ဌာနထဲသို့ပြန်သွားကြသည်။
"ချစ်သောရေ "
အဆောင်အပြင်မှာအော်ခေါ်လိုက်သော်လည်းချစ်စရာလေးချစ်သော ကအမြီးတောင်မပေါ်လာ။
"ချစ်သောရေ "
ထပ်အော်ခေါ်လိုက်တော့ဟိုတစိယောက်ကစူဆောင်ါပြီးထွက်လာသည်။ပြီးတော့နှုတ်ခမ်းတစ်ထော်ထော်နဲ့
"သားသား အိပ်နေပါတယ်နားမလည်ဘူးလား ဘာလို့အော်ခေါ်နေတာလဲ အဆောက်ထဲရောက်ရင်လည်းတွေ့ရမှာပဲကို ဟွန့်"
သူ့ကိုရန်တွေ့ပြီးအဆောင်ထဲဖင်ကော့ခေါင်းမော့ပြန်ဝင်သွားတဲ့ချစ်သောကြောင့်ရိပေါ်မှာအကြောင်သား။ တောက်စ် လုံးလိုက်တဲ့ဖင်လေး။
"ဟူးး သည်းခဲ သည်းခံ "
ရိပေါ်မှာအိပ်ယာထဲကမထနိုင်အောင်အပြစ်ပေးပြစ်ချင်သော်လည်းသူ့ဟာလေးကိုသနားသည်။တစ်ခါတစ်ခါလုပ်ပြီးရင်နေမကောင်းသုံးရက်လောက်ဖြစ်သွားတတ်လို့ပေသာ ချစ်သောကံကောင်းတ်မှတ်ပါ ဟွန်းဟွန်း။

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့