ရိပေါ်ဟာအမိန့်စာကိုမင်းသမီးဆီသို့အထိန်းတော်နှင့်တကွပို့လိုက်သည်။ထိုစာတွင်ယာယီမိဖုရားခေါင်ဆောင်ရွက်ရန်ဖြစ်တာကြောင့်ယခုမင်းသမီးဟာအဆောင်တော်တွင်သောင်းကျန်းနေသည်။
"အားးး ဘာလို့လဲ အဲ့အရူးကငါ့ထက်ဘာများသာနေလို့လဲ အထိန်းတော်ကျင်းပြောစမ်းပါအုံး အဲ့ကောင်ကငါ့ထက်ဘာများသာနေလို့သူကတမ်းတမ်းစွဲဖြစ်နေရတာလဲ"
"မင်းသမီးအိန္ဒြေထိန်းမှရပါမယ် အခုမင်းကြီးကအဆိပ်ခတ်တဲ့အမှုကိုတိတ်တဆိတ်လိုက်စုံစမ်းနေတယ်လို့သတင်းကြားထားတယ် မင်းသမီးဒီလိုလုပ်နေရင်မြားဦးကကျတော်တို့ဆီကိုလှည့်လာပါလိမ့်မယ် ယာယီမိဖုရားေခါင်ကနေမင်းကြီးရဲ့မိဖုရားခေါင်အစစ်မဖြစ်သွားနိုင်ဘူးလားမင်းသမီးရယ် စဉ်စားကြည့် အဲ့အရူးကကျန်းမာရေးချို့တဲ့နေလို့မင်းကြီးဆန္ဒကိုဖြည့်ဆည်းနိုင်မှာမဟုတ်ဘူစ ဒါကိုအခွင့်ကောင်းယူပြီးမင်းသမီးကနေရာဝင်ယူလိုက်ရုံပဲ"
"အင်း ဟုတ်တယ် ငါဒီလိုဖြစ်နေလို့မရသေးဘူး အရှင်ငါ့ဘက်ကိုပါလာအောင်လုပ်ရမယ်"
"မင်းသမီးအတွေးမှန်ကန်ကြောင်းပါ"
မျက်နှာချေတွေလိမ်းထားတဲ့မျက်နှာနုနုထက်တွင်မသတီစရာကောင်းသောအပြုံးများနှင့်ကောက်ကျစ်ယုတ်မာမှုများသာထင်ဟပ်နေခဲ့သည်။သူတို့မသိလိုက်တာကထိုေကာင်ေလးနှစ်ဦးရဲ့အချစ်တစ်ခုမှာတဏှာရာဂတွေမပါပဲသစ္စာတွေမေတ္တာတွေမြတ်နိုးခြင်းတွေနဲ့သာတည်ဆောက်ထားတဲ့အိမ်ထောင်ရေးတစ်ခုဆိုတာပင်။ကိုယ်မြတ်နိုးရတဲ့သူနဲ့သာသွေးသားရောနှောချင်တဲ့ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးဟာရှောင်ကျန့်ဆိုတဲ့ကောင်လေးသာမရှိရင်ဒီနေ့ထိမသန်မာနိုင်ကြောင်းကိုလူများစွာကမသိခဲ့ပေ။
ရိပေါ်မှာမင်းသမီးကိုအကူညီတောင်းခံရသည်။ကိုယ်နဲ့မောင်နှမသဖွယ်နေလာတဲ့သူဆိုတော့နည်းန်ညးယုံကြည်ရသည်လေ။သူစိမ်းထက်ယုံကြည်ရတယ်ဆိုပေမယ့်အခုတလောမင်းသမီးကိုသတိထားမိတာကချစ်သောကိုဆိုအကြည့်စိမ်းကြီးနဲ့ကြည့်တတ်တာပင်။သူနဲ့ချစ်သောနဲ့ကသိပ်မတွေ့ဖူးပေမယ့်ဆုံလိုက်တိုင်းမှာချစ်သောကိုဆိုရန်သူတစ်ယောက်လိုကြည့်တတ်တာကြောင့်အနီးကပ်ထားပြီးလေ့လာဖို့ပင်။
![](https://img.wattpad.com/cover/359810411-288-k54847.jpg)
YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanficဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့