ရှောင်ကျန့်မှာသူ့ယောကျာ်းနဲ့တူတူဆွဲထားတဲ့ပန်းချီလိပ်လေးကိုဖြန့်ကာအသံတိတ်မျက်ရည်ကျနေရသည်။သူအရမ်းလွမ်းပါသည်။ဒီနေ့ဆိုရိပေါ်စစ်မြေပြင်သွားတာ၃လပင်ရှိတော့မည်။အခြေနေတွေမတညိငြိမ်သေးတာကြောင့်သူ့ဆီကို စာတောင်မပို့နိုင်တဲ့သူ့ခင်ပွန်းနဲ့အတူနွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးကိုသိပ်လွမ်းပါသည် ။
ရှောင်ကျန့် သူ့ခင်ပွန်းရဲ့ပန်းချီကားလေးကိုသေချာကြည့်မိသည်။သူ့ကိုအနောက်ကနေခါးကိုပွေ့ဖက်ထားပြီးရွှန်းရွှန်းစားစားကြီးကြည့်နေတဲ့ပုံ။ဒီဖအေနဲ့ဒီသားကတကယ့်ကိုတူပါပေတယ်။ချစ်တတ်တဲ့နေရာမှာရိပေါ်တို့သားဖကိုမှီတဲ့သူမရှိလောက်ပေ။
ရိပေါ်တို့ချီတက်လာတာအခုဆိုဖုကော်ရဲ့နယ်နိမိတ်သို့ရောက်ရှိလာပြီဖြစ်သည်။မကြာခင်မြို့ထဲဝင်ပြီးတိုက်ရမည်။ပြီးရင်ချစ်သောကိုခေါ်ပြီးသူ့အဖေဆီသွားရမည်။ချစ်သောကိုသူ့အဖေနဲ့ပေးမတွေ့ရသေးဘူးမဟုတ်လား ပြီးရင်ဖုကော်မှာပဲချစ်သောကိုမိဖုရားခေါင်ဘိတ်သိတ်ခံပြီးတင့်တင့်တယ်တယ်လက်ထပ်ယူမည်။အတွေးနဲ့တင်ကိုကြည်နူးရသည်။ပထမတစ်ခေါက်လက်ထပ်ထားတာမှန်ပေမယ့်လည်းရိပေါ်မကျေနပ်သေးပါ။နောက်တစ်ခေါက်ထပ်ဆောင်မည် ပြီးရင် ဟင်းဟင်း။
(ရှင့်လောင်ကုန်းမှာ ကမအနာဂတ်ယောကျာ်းလောင်းလေးရှိသေးတာမေ့နေသလားအမောင်ဝမ်ရိထန်ရယ်)
"မင်းကြီး"
"ရှေ့ပြေးတပ်မတော်ကသတင်းပို့လာပါတယ် ဖုကော်ကကျွန်တော်တို့တပ်ချနေတာကိုသိပြီးနယ်စပ်အကင်းစောင့်တွေကိုပိုပိုသာသာချထားတယ်လို့ပြောပါတယ် "
"ကောင်းပြီ စစ်ပွဲဘက်ကရောဘယ်လိုသတင်းတွေရသေးလဲ''
"လျှောက်တင်ပါတယ် ကျွန်တော်မျိုးတို့ဘက်ကစစ်ရေးသာနေကြောင်းပါ"
"ကောင်းပြီ သွားနားတော့"
"ကျေးဇူးကြီးမြတ်လှပါတယ်မင်းကြီး"
ရိပေါ်စာရှည်လေးရေးပြီးစာပို့ခိုလေးနဲ့ချစ်သောဆီကိုပို့လိုက်သည်။ဝေးနေတဲ့အချိန်တွင်းတော့ဒီလောက်လေးနဲ့သာကျေနပ်ရသည်။ခုလိုအပြန်လှန်စာပို့နေတော့လည်းမသိရက်သူတို့ကအခုမှဖြစ်တဲ့ချစ်သူလေးေတွလိုပင်။ရိပေါ်ရဲ့အောင်မြင်မှုတိုင်းကချစ်သောကြောင့်သာ။တော်လှန်ရေးစစ်ပွဲတုန်းကရိပေါ်သေမလိုထြစ်ခဲ့ဘူးသည်။အဲ့ဒီတုန်းကလည်းသူ့အိပ်မက်ထဲမှာချစ်သောကအဖြူရောင်ဝတ်ရုံလေးကိုသာဝတ်ထားပြီးရိပ်ေကိုလက်ယက်ခေါ်သည်။ပြီးတော့ရိပေါ်ကို'ငါ့ကိုစောင့်ရှောက်ဖို့ပြန်လာပါတော့ရိပေါ် ငါမငိးကိုအရမ်းလွမ်းတယ် ပြန်နိုးပါတော့'ဆိုတဲစကားကြောင့်ရ်ိပ်ေါသေဘေးလွတ်ခဲ့တာဖြစ်သည်။

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့