ရိပေါ်တစ်ယောက်အဆောင်တွင်း၌ပျာယာခတ်လို့နေသည်။သူ့ချစ်သောကိုယခုချိန်ထိမတွေ့ရသေးပေ။သူ့မှာအားခဲပြီးတော့တစ်ပတ်နဲ့လာရမယ့်ခရီးကို၄ရက်နဲ့ရောက်အောင်လာခဲ့ရသည်။မျက်နှာကြည်ကြည်လေးကိုတွေ့ဖို့အတွက်။ဒါပေမယ့်အချိုန်ထိအရိပ်ယောင်တောင်မမြင်ရ။သူစိုးရိမ်လာသည်။အကယ်၍များသူ့ချစ်သောတစ်ခုခုဖြစ်ခဲ့ရင်ဒီနန်းတော်တစ်ခုလုံးကိုမီးလောင်တိုက်သွင်းပစ်မည်။သူ့အဲ့အတွက်ကြိးစားခဲ့တာ။ထီနန်းရပြီးချင်းမှာဒီနိုင်ငံကိုသိမ်းပစ်ချင်ပေမယ့်သူ့အင်အားနဲ့အဆင်မပြေလို့သာသည်းခံနေခဲ့တာ။အခုတော့အဲ့လိုမဟုတ်တော့သူလည်းအင်းအားကြီးမားတဲ့နိုင်ငံထဲကတစ်နိုင်ငံဖြစ်ခဲ့လေပြီ။ သူအရမ်းေတွ့ချင်တာကြောင့်နန်းဆောင်တိုင်းကိုညဘက်ရောက်မှလိုက်စုံစမ်းမယ်လို့တေးထားလိုက်သည်။ဒီလိုနဲ့ရိပေါ်တစ်ယောက်စောင့်နေပါတော့သည်။
နောက်ဆုံးတော့သူစောင့်နေတဲ့အချိနိကိုရောက်ခဲ့ပြီဖြစ်သည်။ရှောင်ကျန့်အပယ်ခံနန်းဆောင်မှာရေချိုးဖို့ပြင်နေတုန်းလူသံသဲ့သဲ့ကိုကြားလိုက်ရသည်။နွေရာသီကပူတဲ့အတွက်ကြောင့်ရှောင်ကျန့်မှာအဆင်မပြေလှ။ရေထဲသာအမြဲဝင်စိမ်နေချင်သည်။
"ဘယ်သူလဲ"
"......."
ဘာမှပြန်မဖြေတာကြောင့်ရှောင်ကျန့်ဘေးနားကဆံထိုးကိုယူပြီးလက်ထဲကျစ်ကျစ်ဆုပ်ထားသည်။သူ့ကိုယ်သူကာကွယ်ရမည်လေ။
"ပြန်မဖြေဘူးပေါ့"
"ဖြေပါပြီဗျာ"
ရှောင်ကျန့်မျက်လုံးလေးတွေအံ့ဩမှုကြောင့်ဝိုင်းစက်သွားရသည်။မျကနှာကြည်ကြည်လေးထက်ကမျက်ခုံးလေးတွေဟာကျုံ့သွားသည်။ရင်းနှီးတဲ့အသံကြောင့်စိတ်တွေလည်းယောက်ယက်ခတ်နေပုံ။ကိုယ်လုံးလေးကိုလည်းအသင့်အနေထားပြငါထားသည်။ရိပေါ်ကြိတ်ရီလိုက်သည်။သူမတွေ့ရတဲ့အတောတွင်းရှောင်ကျန့်ဟာတော်တော်ကိုလှလာသည် ။အခုလည်းသူဆိုတာသိသေးတဲ့ပုံမပေါ်။တစ်ကယ်ပါ အခုပုံစံလေးကတစ်ကယ်ကိုချစ်ဖို့ကောင်းတာကြောင့်သူ့မှာအသဲတစ်ယားယား။
YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့