"ဗျာ"
ရိပေါ်သူ့ရှေ့ကမျက်ဝန်းပိုင်ရှင်လေးကိုသာကြည့်မိသည်။ထိုသူလေးကသူ့ထက်လေးနှစ်တောင်ကြီးသည်တဲ့။
"အမလျိုပြောတာဟုတ်လားဟင်"
"ဟုတ်ကဲ့ ကျွန်တော်ကအသက်၂၂ထဲမှာပါ"
"ဝါး"
ရိပေါ်သွားလေးဖြီးပြီးအရှက်ကိုအပြုံးနဲ့သာဖုံးလိုက်သည်။မယုံချင်လည်းယုံရမှာပဲလေ သူ့ချစ်သောကိုယ်တိုင်ကပြောထားတာကိုမယုံလို့လဲမရ။
"စကားပြောကြအုံး အမသွားလိုက်အုံးမယ်"
လျိုချင်းပြောရင်းနဲ့ရိပေါ်ကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ရိပေါ်ကလည်းအားကျမခံပြန်မှိတ်ပြသည်။လျိုချင်းထွက်သွားတော့မှရိပေါ်က
"ဟို ကျွန်တော်နာမည်ဝမ်ရိပေါ်ပါ"
"အကို့နာမည်ကရှောင်ကျန့်မျိုးရိုးနာမည်နဲ့ဆိုရှောင်းရှောင်ကျန့်"
ထိုနောက်လေထုကတစ်ဖန်ပြန်တိတ်ဆိတ်သွားပြန်သည်။ထိုတိတ်ဆိတ်မှုကိုမကြိုက်တဲ့ရိပေါ်က
"ကျွန်တော် ရှောင့်ကိုဒါလေးပေးချင်လို့ပါ"
ရိပေါ်ရင်ဘတ်ထဲမှာဝှက်ထားတဲ့ဆံထိုးလေးကိုထုတ်လိုက်သည်။ဒါကသူလွန်ခဲ့တဲ့နှစ်ရက်လောက်ကမှချစ်သောကိုသတိရပြီးအပျင်းပြေလုပ်ထားတဲ့ဆံထိုးလေးပေါ့။
"ဒါကအရမ်းတန်ဖိုးမကြီးပေမယ့်ရှောင့်အတွက်ကျွန်တော်ကိုယါတိုင်လုပ်ထားတာမို့ပါ"
"ကျေးဇူးတင်ပါတယ် ရိပေါ်"
သူတို့နှစ်ယောက်ကအခုမှစကားပြောကြပေမယ့်တစ်ယောက်နဲ့တစ်ယောက်ကယောကျာ်းလေးတွေမို့ခဏလေးရင်နှီးလွယ်သည်ဖြစ်သည်။
ဝမ်ရိပေါ်ရင်ထဲအပျော်လှိုင်းလေးဖြတ်ပြေးသွားသည်။သူ့ကိုချစ်သောကရိပေါ်လို့တစ်ရင်းတစ်နှီးခေါ်သည်မို့လား။
"ဟို ကျွန်တော်ကိုယ်တိုင်ရှောင့်ခေါင်းမှာပန်ပေးလို့ရမလား"
"သဘောပါ"
(A/N:သဘောဆိုလို့မင်းသယဘာပါမောင့်သက်လျာထဲ့က"မင်းသဘော"ကိုတောင်သတိရမိသွားတယ်)

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့