သာယာတဲ့နေ့လေးမှာရှောင်ကျန့်ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။သူဟာချစ်ရသူနဲ့တစ်မိုးအောက်မှာရှိနေရပေမယ့်ထိုတစ်မိုးအောက်ကအရာဟာကောင်းကင်ကြီးသာဖြစ်လို့နေသည်။အခုလေ သူအရမ်းလွမ်းနေတယ် ချစ်ရသူရဲ့ရင်ခွင်လေးကို။ဒီနေ့ကဟိုဖုကော်ဆိုတဲ့ဘုရင်လာမယ့်နေ့။သူထွက်မကြိုချင်ပါ။အဲ့အစားချစ်ရသူပေးထားတဲ့ဆံထိုးလေးကိုသာထိုင်ကြည့်ချင်သည်။ချစ်ရသူကိုယ်တိုင်လုပ်ပေးထားတဲ့ဆံထိုးလေးဟာသူ့ရဲ့ဆံနွယ်ထက်မှာအမြဲနေရာယူလို့နေသည်။အခုလည်းမကြိုချင်ပေမယ့်ကြိုရအုံးမည်။
"ဟူးးးး"
"သခင်လေး သက်ပြင်းတွေချလှချည်လား အားလီဘာလုပ်ပေးရမလဲ"
"ငါထွက်မကြိုချင်ဘူးအားလီရယ်''
"အဲ့ဆိုအားလီမင်းကြီးကိုလျှောက်တင်ပေးမယ်လေ သခင်လေးနေမကောင်းလို့ထွက်မကြိုတော့ဘူးလို့"
"ရပါ့မလား အားလီ"
"အားလီကျွမ်းပါတယ် ဘာညာကွိကွပြောလိုက်မယ် အားလီကိုယုံနော်"
"အဲ့ဆိုအာက်ုးမယ်နော် အားလီ"
"ဟုတ် ဟုတ်"
"အင်း"
"အားလီသွားလျှောက်လိုက်တော့မယ်နော်"
"အေး"
"အော် သခင်လေးအားလီတော့သွားကြည့်လို့ရတယ်မို့လားဟင် အားလီမြင်ဖူးချင်လို့ အဲ့ဘုရင်ကချောတယ်တဲ့"
"ကောင်မလေးမရိုးဘူးနော် ဟွန်းဟွန်း''
"နော်လို့ သခင်လေးကလည်း"
"သွားပါ ငါဘာမှမပြောဘူး"
"ရေးးဒါမှအားလီသခင်လေး "
အားလီဟာခုန်ဆွခုန်ဆွနဲ့ထွက်သွားတော့သည်။ရှောင်ကျန့်ခေါင်းခါရုံမှအပဘာမှတော့မပြောတော့ပေ။မိန်းမပျိုလေးပဲဖြစ်နေပြီ ကလေးစိတိကမကုန်သေး။
ရှောင်ျကန့်လည်းကုတင်ပေါ်အိပ်နေလိုက်တော့သည်။
မင်းကြီးနဲ့မိဖုရားများစွာဟာနန်းတော်တံခါးဝတွင်ရန်ဘုရင်အလာကိုစောင့်နေသည်။ဘယ်လောက်မှမကြာလိုက်။ဘုရင်ရှင်းဟာမြင်းကိုစီးပြီးကိုယ်ရံတော်၁၀ယောက်နဲ့သာလာသည်။အကုန်အံ့ဩကျတာအမှန်။သူများတိုင်းပြည်ကိုကိုယ်ရံတော်အနည်းငယ်နဲ့လာတဲ့ဘုရင်ဟာခပ်ရှားရှား။ရှိချင်မှသာရှိလိမ့်မညိ။ရန်ဘုရင်အနားရောက်တော့

YOU ARE READING
ချစ်သောအတွက်ဆိုရင်
أدب الهواةဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့