သမားတော်ကချစ်သောကိုစမ်းသပ်ပြီးနောက်မျက်စိမျက်နှာပျက်ကာရိပေါ်ဘက်ကိုလှည့်လာသည်။
"ဘာဖြစ်တာလဲ''
"ဟို အရှင် ဟို"
"ကျုပ်ကိုဒေါသထွက်အောင်လုပ်နေတာလား ဟမ် မြန်မြန်ပြောစမ်း သူတစ်ခုခုဖြစ်ရင်မင်းတို့ကိုကျုပ်သတ်ပစ်မယ်"
ဒေါသထွက်စွာပေ့ာလိုက်တဲ့ရိပေါ်ကြောင့်အဆောင်တော်မှာရှိတဲ့သူတွေအားလုံးဒူးတုန်နေကြပြီဖြစ်သည်။
"သ သခင်လေးကအဆိပ်မိတာပါ အ အရှင်"
"ဘာ!!!!"
"ဟုတ် ဟုတ်ပါတယ် အဲ့အဆိပ်ကအရမ်းကိုရှားပါတယ် ချန်မြို့တစ်မြို့တည်းမှာသာရှိပြီးအဲ့မြို့ကသူတွေတောင်တော်ရုံမသိကြပါဘူး ဒီကသခင်လေးကအဲ့အဆိပ်မိတဲ့အတွက် ဟို"
"ဆက်ပြောစမ်း ကျုပ်ဒေါသကိုလာမဆွနဲ့နော်"
"က ကိုယ်ဝန်ပျက် ပျက်ကျသွားပါတယ်"
"ဘာ!!!!"
ရိပေါ်လုံးဝက်ုအံ့ဩသွားသည်။သူချစ်သောပြောတုန်းကကိုယ်ဝန်ရှိတာကိုစနေသည်ပဲထင်ခဲ့သည်။ဖခင်မေတ္တာဟူ၍ပဲပြောရမလား ခင်ပွန်းတစ်ယောက်အနေနဲ့ပြောရမလား။ရိပေါ်မျက်နှာပေါ်မှာမျက်ရည်စက်တွေကပိုင်ရှင်မသိအောင်ကျနေတော့သည်။ချစ်သောနိုးလာရင်သူဘယ်လိုပြောရမလဲ။
''ချစ်သော ကရောဘယ်လိုနေလဲ"
"အန္တရာယ်မရှိကြောင်းပါအရှင် မိခင်အစားကလေး ကခံလိုက်ရတာပါ တော်သေးတာကလမရင့်သေးလို့ လာသာရင့်ခဲ့မယ်ဆိုနှစ်ယောက်လုံးအသက်ဆုံးရှူံးနိုင်ပါတယ်အရှင်"
"ရပြီ သူဘာမှမဖြစ်ရင်ရပြီ သွားတော့အဆောင်တော်ကလူတွေအကုန်ဝေးဝေးသွားကြ"
သမားတော်နဲ့အတူအဆောင်မှာရှိတဲ့သူတွေအားလုံးဟာခပ်ဝေးဝေးကနေသာစောင့်ကြပ်ရတော့သည်။
ရိပေါ်မှာသူ့ချစ်သောအနားတွင်ထိုင်ရင်းမျက်နှာကိုခပ်ကြမ်းကြမ်းပွတ်ကာ သူ့မျက်ရည်တွေကိုသုတ်ပစ်သည်။သူတောင်ဒီလောက်ပြိုလဲနေတာလေ။သူ့ချစ်သောသာဆိုရူးသွားလောက်မည်။ မျက်နှာမှာပေနေတဲ့သွေးတွေကိုသူသတိမထားမိ။သူ့ချစ်သောလက်လေးကိုကိုင်ပြီးမျက်နှာနားကပ်လိုက်သည့်အချိန်မှာအနီရောင်အရည်တွေကြောင့်သူ့လက်သူကြည့်လိုက်တော့သွေးတွေ။ဘယ်ဘက်လက်ဝတ်ရုံတံတောင်ကနေနေရာယူထားတဲ့သွေးတွေဟာသူ့လက်ချောင်းတွေအထိပင်။ခုဏကချစ်သောကြောင့်သူ့ကိုယ်သူသေချာသတိမထားမိ။
YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့