ရိပေါ်တို့စစ်ပွဲက၇လလောက်ကြာမြင့်ခဲ့သည့်နောက်မှာအနိုင်အရှုံးသေသေချာချာထွက်လာခဲ့တော့သည်။မိဖုရားခေါင်ကိုနန်းချပစ်ကာသေဒဏ်ပေးခဲ့သည်။သူ့အမ်ျုးဆွေများကိုတော့နယ်နှင်ဒဏ်အဖြစ်ကျွန်းတစ်ကျွန်းကိုပို့လိုက်သည်။ရာထူးအာဏာစည်းစိမ်ဥစ္စာတွေပါမချန်ထားခဲ့ရပြီးအဝတ်ထုပ်တစ်ထုပ်နဲ့သာနယ်နှင်လိုက်တာကြောင့်သူတို့ဘဝကသေချာပေါက်၁ကနေပြန်စရမှာဖြစ်သည်။
ရိပေါ်ဖုကော်နန်းတော်ကိုရောက်ရောက်ချင်းမှာပဲချစ်သောကိုဆင့်ခေါ်သဝဏ်လွှာပို့လိုက်သည်။သူကိုယ်တိုင်သွားခေါ်ချင်ပေမယ့်ဒဏ်ရာတွေကအတော်များတာကြောင့်သူ့ဘာသာသူတောင်အိပ်ရာပေါ်ကမထနိုင်။တောရိုင်းကျားလက်သည်းရာေတွဖြစ်တာကြောင့် ကုရခက်သည်။တော်တော်နဲ့အရှင်းမပျောက်။ကလေးနဲ့ဆိုတာသိပေမယ့်လည်းသူချစ်သောကိုလွမ်းလှသည်။အခုဆိုချစ်သောဗိုက်လေးပူပူလုံးလုံးလေးဖြစ်နေတော့မှာသေချာသလောက်ရှိသည်။
ရိပေါ်ဆီကဆင့်ခေါ်စာရပြီးတဲ့နောက်မှာရှောင်ကျန့်ပြုံးပြီးနောက်မျက်နှာကိုပြန်မဲ့လိုက်သည်။သူကိုကလေးနဲ့ဟာကိုအတင်းလိုက်လာခိုင်းတယ် ဟွန့် သူရိပေါ်ကိုစိတ်ဆိုးပါသည်။
"ဖုကော်ဘက်ကိုသာ့ကျင်းလမ်းကိုဖြတ်ပြီးသွားမယ် ဝေါယာဉ်ပြင်ထားခိုင်းလိုက်ပါ"
အစေခံမလေးကရိုရိုသေသေထွက်သွားပြီးဝေါယာဉ်အကြောင်းသွားကြားသည်။ရှောင်ကျနိ့င့်ေခေါ်သဝဏ်လွှာရောက်ပြီးသည်နှင့်နာရီတောက်မခြားတော့ပဲချက်ချင်းပဲခရီးထွက်လာခဲ့သည်။ကိုယ်ဝန်ဆောင်ကာလရှစ်လထဲမှာဖြစ်တဲ့အတွက်နှောငိ့နှေးနေရင်လမ်းမှာမွေးမှာစိုးရိမ်ရသည်။
"မိဖုရားဝေါယာဉ်ရောက်ပါပြီ"
"အင်း အခုဖုကော်ကိုသွားမယ် သာ့ကျင်းလမ်းကသွားရင်ပိုမြန်တယ် အဲ့လမ်းကနေဆို၃ပတ်အတွင်းရောက်လိမ့်မယ်အဲ့လမ်းကသွားပါ "
"နာခံလျက်ပါမိဖုရား"
ရှောင်ကျန့်တို့ဖုကော်ဆီကိုခရီးဆက်ခဲ့ကြသည်။
ရိပေါ်ကလမ်းတစ်ဝက်ကနေကြိုဖို့အတွက်ရှောင်ဝမ်ဆိုတဲ့ရွာလေးကိုရောက်အောင်လာသည။်ဖုကော်လား။ဟူကျားလက်ထဲအပ်ခဲ့သည်။ပြီးမှပြန်သွားပြီးသူ့ပါးကိုဂါရဝသွားပြုမည်။

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့