ဟူကျားစကားကြောင့်အားလုံးအံ့အားသင့်ကုန်သည်။သမားတော်ကလည်းအခုမှပြုံးစိစိ။
"ဘာရယ်တာလဲ အဖိုးကြီး ဟမ် ပြောစမ်းပါ "
"ပြောတာနားမထောင်ဘဲမောင်ရင်ကထင်ရာတွေပြောနေတာကိုး"
"ဟမ်!"
ဒီတစ်ခါအံ့ဩရသူကတော့ဟူကျားပင်။
"သွေးထွက်လွန်ပြီးရက်ရှည်မေ့မြောနိုင်တယ်လို့ပြောတာပါ မောင်ရင်ကစကားမှနားမထောင်ဘဲ"
"အော်''
ရှက်ကိုးရှက်ကန်းနဲ့အရှက်ပြေချောင်းဟန့်ကာလည်ဂုတ်ကိုပွတ်သပ်ပြီးပြုံးစိစိဖြစ်နေတော့သည်။
"ကဲ လိုအပ်တဲ့ဆေးတွေပေးခဲ့မှာမိုဘယ်သူလက်ခံထားမလဲ"
"ကျုပ်ကိုပဲပေးခဲ့ပါ''
"ကောင်ပါပြီ''
သမားတော်ပြန်သွားပြီးနောက်ဟူကျားကလက်ကြမ်းကြမ်းသေးသေးလေးကိုဆုပ်ကိုင်လိုက်သည်။အသားမာတွေတက်နေတဲ့လက်သေးသေးဟာဘယ်လောက်တောင်ဓားရေးတွေလေ့ကျင့်ထားတယ်ဆိုတာသိသာလွန်းသည်။တစ်ခြားသူတွေလညး်အလျိုလျိုထွက်သွားသည်။ဟူကျားကတော့အသေးလေးအနားမှာသာသောင်တင်နေသည်။သူမှားတာ သူသာအသေးလေးကိုပြန်ဖို့မပြောခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်။
"မင်းနိုးလာမှရမယ်နော် အသေးလေး ငါ မင်းကိုဘယ်လောက်ချစ်ကြောင်းတွေပြောချင်သေးတယ် ငါ့ရင်ခွင်ထဲမှာထွေးပွေ့ထားချင်သေးတယ် ငါ့အချစ်ေတွအောက်မှာမင်းကိုအေးချမ်းစေချင်သေးတယ် ငါ ငါ မင်းရဲ့ရှက်ရဲရဲမျက်နှာလေးကိုလည်းမြင်ချင်သေးတယ် မင်းကိုပိုင်ဆိုင်ဖို့အထိတွေးထားတဲ့လူတစ်ယောက်မို့ငါ့ကိုအချစ်အတ္တတွေအောက်မှာဘဲနေပေးပါ မင်းဒီတစ်ခါနိုးလာရင်ငါမင်းကိုဘယ်လောက်မြတ်နိုးကြောင်းသက်သေပြပေးမှာမို့မင်းကသာပြန်နိုးလာပေးပါ ချစ်တယ်ကိုယ့်အသေးလေး"
.
.
.
.
.
.ရိပေါ်တို့နန်းမြို့တော်ကိုရောက်ခါနီးပြီဖြဈ်ာမို့တိုက်ပွဲကပြင်းထန်လာသည်။အထင်သေးလို့မရတဲ့ထဲမှာမိဖုရားခေါက်လည်းပါသည်။စစ်တပ်အင်အားမလောက်တဲ့ဖုကော်စစ်တပ်ဟာ
တောရိုးင်းတိရစ္ဆာန်တွေကိုအသုံးပြုလာသည်။နန်းမြို့တော်ရဲ့အုတ်တတိုင်းတွေမှာကျားရိုင်ကောင်တွေကိုချထားသည်။အစာမကျွေးတဲ့အတွက် မာန်ဖီနေသည့်ကျားရိုင်းတွေဟာထောင်ချောက်ထဲကလွှတိလိုက်သည်နှင့်ရိပေါ်တို့စစ်တပ်ဘက်ကိုပြေးလာသည်။

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့