သခင်မလေးဟာ ရဲတင်းလွန်းသူဖြစ်တာကြောင့်ရိပေါ်လက်ကိုဆွဲပြီး
"အကို့နာမည်သိခွင့်ရှိမလားရှင့်"
"ရိပေါ်ပါဗျ"
"ဟုတ်"
"ဒီမှာ သခင်မလေးပစ္စည်းတွေပါ"
"ဟုတ်"
"အကိုဒီနေရာမှာပဲရောင်းမှာလားရှင့်"
"အမ်"
ရိပေါ်တစ်ချက်လောက်အဘိုးကိုကြည့်လိုက်တော့ခေါင်းညိမ့်ပြတာကြောင့်
"ဟုတ် သွားပြီးနော်"
"ဟုတ်ကဲ့ဗျ "
ရိပေါ်ထိုမိန်းကလေးကိုအမြင်ကပ်မိသည်။မိန်းကလေးဖြစ်ပြီးလူကြားထဲကိုယ်မသိမမြင်ဘူး
မရင်းနှီးတဲ့ယောကျာ်းယောကျာ်းလေးတစ်ယောက်ရဲ့လက်ကိုဆွဲတာရဲတင်းလွန်းပြီးအပျက်ဆန်လှသည်။"မြေးရေ နေလည်းဝင်တော့မယ် ပစ္စည်းတွေသိမ်းရအောင်ကွယ် ပြန်ကြမယ်"
"ဟုတ်အဘိုး"
ရိပေါ်လည်းအသပြာတွေသေချာသိမ်းလိုက်ပြီးလှည်းလေးတွန်းမယ်ကြံတုန်း
"ထားခဲ့မြေး အသပြာတွေပဲယူလာခဲ့တော့ ပစ္စည်းေတွလည်းကုနိပြီဆိုတော့ထားခဲ့မြေပင်ပန်တယ်"
"အော် ဟုတ်ကဲ့"
ရိပေါ်အသပြာကိုသာယူလာပြီးအဘိုးကိုကမ်းပေးလိုက်သည်။အဘိုးကယူလိုက်ပြီး မြေးအဘိုးနှစ်ယောက်သားတောထဲကိုဦးတည်သည်။အဘိုးရဲ့ဦီးဆောင်မှုနောက်သာလိုက်သွားသည့်ရိပေါ် အတန်ကြာလျှောက်ပြီးတော့ အုတ်တွေကာရံထားတဲ့အိမ်သို့ရောက်လာသည်။ အိမ်ထက်အိမ်တော်ဆိုပိုမှန်မည်။
"လာ ဝင်ရအောင် မြေး"
"ဟုတ်"
အိမ်တော်ထဲဝင်သွားပြီးနောက်ရိပေါ်အံ့အားသင့်ဟွားသည်။အိမ်တော်တစ်ခုထက်ဂိုဏ်းတစ်ဂိုဏ်းဆိုပိုမှန်လိမ့်မည်ဟုရိပေါ်ထင်သည်။တစ်ချို့ကသိုင်းကျင့်နေကြပြီးတစ်ချို့ကသူ့ကိုမသိမသာရောသိသိသာသာပါအကဲခတ်ကြသည်မို့ရိပေါ်မှာသွားဖြဲပြရသေးသည်။
အဘိုးရဲ့ဦီးဆောင်မှုနောက်လိုက်သွားတော့အဘိုးကဧည့်ခန်းလို့ထင်ရတဲ့အခန်းကျယ်ကခုံတစ်ခုပေါ်ထိုင်လိုက်ပြီး
"ထိုင်ကွယ် "
"ဟုတ် အဘိုး"
"မြေးရဲ့အစွမ်းကထက်သပါ့ အဘိုးတစ်ခါမဒီလောက်ကုန်အောင်းမရောင်းရဘူးကွ"
"မခံယူဝံ့ပါဘူးအဘိုးရယ် ဒါနဲ့အဘိုးတစ်ခုလောက်မေးလို့ရမလား"
အထုပ်လေးရင်ဘက်ထဲပိုက်ပြီးမေးဖို့လုပ်နေတဲ့ရိပေါ်ဟာအတော့်ကိုဖြူစင်လွန်းလှသည်။ထိုသို့ဖြူစင်တဲ့ကောင်လေးဟာမကြာမီကြောင်သူငယ်ကနေ ကျားတစ်ကောင်သဖွယ်။ချစ်စရာကောင်းတဲ့နဂါးပေါက်လေးကနေ ကြောက်စရာကောင်းတဲ့နဂါးသဖွယ်ဖြစ်တော့မည်ဆိုတာကိုကံကြမ္မာကလွဲ၍မည်သူမှသိမည် ထင်မည်မဟုတ်ပေ။"မေးကွာ မေးမေး"
"ဟိုအဘိုးကပိုက်ဆံရှိရဲ့သားနဲ့ဘာလို့ဒီဟာတွေလိုက်ရောင်းတာလဲဟင်"
"ဟား ငါ့မြေးကတော့မေးတတ်ပါပေ့ ဖြေရတာပေါ့ကွာ ဒီမှာက အဘိုးလိုအဲ့ဟာတွေရောင်းတဲ့သူအများကြီးရှိတယ် အိမ်တော်မှာရှိတဲ့သူတွေအကုန်လုံးပေါ့ကွယ် အတိုချုပ်ပြီးရှင်းရှင်းပြောရရင်ဝိုင်းလုပ်ဝိုင်းစားဝိုင်းဖွဲ့နေတာပေါ့ကွာ ဒါပေမယ့်အဘိုးတို့အားလုံးကအစေခံတွေလေ ဆက်ပြောပြမယ် ခုတော့အဘိုးသိချင်အားကြီးလို့မေးအုံးမယ် မြေးနာမည်ဘယ်လိုခေါ်တုန်း "
"အော် တောင်းပန်ပါတယ်ဗျာ သေချာနှုတ်ဆက်ဖို့မေ့တာဗျ ကျွန်တော် ကဝမ်မျိုးရိုးပါ ခုနကသခင်မလေးပြေလိုက်တဲ့နာမည်နဲ့ဆို ဝမ်ရိပေါ်လိုါခေါ်ပါတယ်ဗျ"
အဘိုးကတုန်လှုပ်သွားပြီးချက်ချင်းမျက်ရည်ဝဲတက်လာသည်။အဆွေးဘက်ကိုဆောင်သောအဘိုးရဲ့မျက်လုံးများထဲတွင်မျည်ရည်များပြည့်လျှံနေသည်။
"မင်း မင်းအဖေနာ နာမည်ကရော မြေး"
အဘိုးအသံကသိသိသာသာက်ုတုန်နေသည်။
"အော် အဖေ့နာမည်ကကျန်းလွမ် ဝမ်ကျန်းလွမ်ပါဗျာ့"
"ဒါ ဒါဆို မြေး မြေးက စစ်သူကြီးရဲ့သားပေါ့နော်"
"ဗျာ"
"တောင်းပန်ပါတယ် သခင်လေး ကျွန်တော်အျိုးရဲ့ရိုင်းပြမှုကိုသဘေားထားကြီးတဲ့သသခင်လေးကပဲခွင့်လွှတ်ပေးပါ"
အဘိုးကချက်ချင်းအောက်ဆင်းကာအရိုသေပြုပြီးအခေါ်ဝေါ်တွေပြောင်းကာသူ့ကိုဦးညွှတ်တော့သည်။
___________________________________________
စာကရေးပြီးမှပြန်unမိလို့ပြန်ရေးတော့တး်ချို့စာကြောင်းတွေမမှတ်မိတော့ ဆောရီးနော်updateကြာတာ တရုတ်စာသင်နေလို့ ဟဲ အချစ်တို့နဲ့တွေ့ဖို့တစ်လှမ်းလောက်တော့နီူစပ်လာပြီထင်ပါရဲ့။ နောက်ရက်တွေသေချာအပ်ပေးပါမယ်နော်။
စာဖတ်သူreadersများကိုအစဉ်ဂါရဝပြုလျက်..........#Jing Hong Hua 🌺🌺

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fiksi Penggemarဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့