ဝမ်မျိုးနွယ်စုတွင်ရှားရှားပါးပါးဖြစ်ရပ်တစ်ခုရှိခဲ့သည်။ဤသည်ကားဘိုးဘွားပိုင်ဓားတစ်လက်ပင်ဖြစ်သည်။ရိပေါ်၏အဘိုးမှစအဖေထိတိုင်အောင်ဓားတင်ထားသောတိုင်မှမနုတ်ယူနိုင်ခဲ့ပေ။ထိုဓားရဲ့ဒဏ္ဍာရီအရကောင်ကင်မိုးနတ်မင်း၏သားတော်ကသာလျှင်ထိုဓားကိုအလွယ်တကူယူနိုင်မှာဖြစ်ပြီးအခုထိတိုင်ထိုဓားတွင်ပိုင်ရှင်မဲ့နေဆဲ။
(A/N:အဘိုးဆိုတာနားလည်ကြတယ်မို့လား အဖိုးမဟုတ်ဘူးလေ ဝမ်ကျန်းလွမ်အဖေရဲ့အဖေဆိုတော့ရိပေါ်နဲ့ဆိုအဖိုးမဟုတ်ဘဲအဘိုး တော်သွားတာပါအဖိုးဆိုတာကဝမ်ကျန်းလွမ်ရဲ့အဖေကိုပြောတာပါနော်)
***************************************
/ဖုကော်နန်းတော်/
ရှောင်ကျန့်တစ်ယောက်အပယ်ခံဆောင်ကိုရောက်တာသုံးကျော်လေးလနီးပါးပင်ရှိခဲ့ပြီဖြစ်သည်။အပယ်ခံနန်းဆောင်ရောက်သာရောက်သည်။ယခုချိန်ထိဘုရင်မင်းမြတ်ဟာ ညရောက်တိုင်းရှောင်ကျန့်ကိုဖက်အိပ်မြဲ။ညရောက်တာနဲ့နန်းဆောင်ကိုတိတ်တိတ်လေးလာ ပြီးရင်ရှောင်ကျန့်ကိုယ်လုံးလေးကိုသူ့ရင်ခွင်ထဲထည့်အိပ်ပြီးနှဖူးကိုနေစဉ်နေ့တိုင်းအနမ်းခြွေလေ့ရှိသည်။သက်တော်၄၅နှစ်ရောက်နေသော်ငြားထိုဘုရင်မှာအိုသည်ပါးရည်တွန့်သည်မုတ်ဆိတ်မွှေးတစ်ကားကားရှိသည်ဟုထင်ရက်စရာမရှိပေ။ရှောင်ကျန့်တို့နဲ့ရွယ်တူလောက်သာရှိသည်ဟုတောင်ထင်ရသည်။ယခုလည်းရှောင်ကျန့်ဘေးမှာဝင်ပြီးအိပ်ဖို့ပြင်နေသည်။
"အရှင် တစ်ခြားမိဖုရားတွေဆီသွားသင့်ပါတယ်ကျွန်တော်မျိုးဆီလာတာအရှင့်မိဖုရားတွေစိတ်ကွက်နေပါ့မယ်"
"ရှောင်ကလည်းကိုယ်ကသူတို့နဲ့မှမအိပ်ချင်တာသူတို့ရဲ့အရမ်းဆိုးတဲ့အနံ့တွေနဲ့ကိုယ်တော့်ကိုလာမြူဆွယ်မှာကိုယ်တော်မကြိုက်တော့ဘူး ရှောင့်ဆီကပန်းနဲ့နို့ရောထားတဲ့အနံ့သင်းသင်းလေးကိုပဲကိုယ်တော်ကြိုက်တာ တစ်နေကုန်ပင်ပန်းထားတဲ့စိတ်တွေကိုအဲ့အနံ့လေးကဖြေဖျောက်ပေးတယ်ရှောင်ရဲ့ ကိုယ်တော့မင်းကိုချစ်တယ်နော်
ရှောင်ရော ကိုယ့်ကိုချစ်လားဟင်""မချစ်ဘူး ကျွန်တော်မျိုးကမချစ်ဘူးလို့ပြောရင်အရှင်နောက်ဆုတ်မှာမှမဟုတ်တာ ကျွန်တော့်နှလုံးသားကအမြဲတမ်း သူတစ်ယောက်ထဲအတွက်ပဲ ဘယ်တော့မှမပြောင်းလဲဘူး"
ဘုရင်မင်းမြတ်က"ကိုယ့်ကိုချစ်လား"လို့မေးရင်ဒါကရှောင်ကျန့်ဖြေနေကြပင်။တော်ကောက်ပွဲပြီးတဲ့နေ့ကစလို့ယခုချိန်ထိရှောင်ကျန့်ဟာထိုသို့ဖြေနေကျပင်မို့အားမနာမိပါ ကြောက်လည်းမကြောက်မိပါ အဲ့လို့ပြောလို့သေဒဏ်ပေးရင်ရှောင်ကျန့်လိုလူမျိုးကမသေရဲသည်မရှိ အသက်ခန္ဓာမကလို့ ဝိဉာဉ်ကိုပါဖျက်ဆီးမယ်ဆိုရင်တောင်ရှောင်ကျန့်မမှု့ပါ။လူတိုင်းဟာကိုယ်ချစ်တဲ့ရင်ခွင်မှာနေချင်ကျသူချည်း။ကိုယ်မချစ်တဲ့ရင်ခွင်မှာနေရတာကအဝီစိငရဲကျတာနှင့်တူသည်သာမဟုတ်လော။ရှောင်ကျန့်သည်လည်းပုထုစဉ်လူသာမို့အရှင်ကနားလည်ပေးစေချင်ပါသည်။
ရှောင်ကျန့်နဲ့အများမတူသည့်တစ်ချက်ကရှောင်ကျန့်ဟာအပယ်ခံနန်းဆောင်ရောက်သော်လည်းအစေခံတွေနဲ့စားကောင်းသောက်ဖွယ်တွေနဲ့နေရသည်။ကောင်းကောင်းဝတ်ကောင်းကောင်းစားရသည်။အပယ်ခံဟူသည်နာမည်ခံမျှသာရှိသည်။တစ်ကယ့်တစ်ကယ်တွင်ရှောင်ကျန့်နေရသောအဆင့်အတန်းမှာတစ်ခြားမိဖုရားများထက်သာသည်။အသုံးဆောင်တိုင်းတွင်ရွှေတွေသာထပ်နေသည်။ရွှေဆံထိုးရွှေချည်ပါသည့်ဝတ်စုံစသဖြင့်အများစုဟာရွှေတွေချည်းသာဖြစ်သောကြောင့်မိဖုရားခေါင်ကြီးသာသိလျှင်ဒေါပွလောက်မည်ထင်သည်။
ဒါပေမယ့်ရှောင်ကျန့်ဟာနဂိုဗီဇထဲကမကြွားဝါတတ်။ဒါ့အပြင်အသုံးဆောင်တိုင်းကရွှေပါလို့အနည်းငယါလေးသည့်အတွက်ရှောင်ကျန့်ကိုနေရခက်စေတဲ့အတွက်ကြောင့်ရှောင်ကျန့်ဟာအဖြူရောင်ဝတ်စုံနဲ့ချစ်ရသူပေးထားသည့်အဖိုးသိပ်မရှိသောဆံထိုးလေးကိုသာပန်ဆင်သည်။ဘုရင်ဆင်ပေးသည့်အရာမှန်သမျှကတော့အဆောင်ထဲကတစ်နေရာမှာချောင်ကိုကပ်လို့။
"သူ့ကိုမမေ့နိုင်သေးဘူးလား"
"ရှောင်ကျန့်သူ့ကိုသေမှပဲမေ့နိုင်မယ်ထင်ပါတယ်အရှင်"
__________________________________________#Jing Hong Hua

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့