"ဟင်"
"မောင်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး အချစ် ပါးကိုဆုံးရှုံးပြီးပြီ နောက်တစ်ခါမင်းကိုပါဆုံးရှုံးရမယ်ဆိုမောင် ရူးရုံပဲရှိတယ်"
"ဒါပေမယ့်"
"ဘာလို့လဲ မောင်နဲ့မလိုက်ချင်ဘူးလားဟင်"
"အီးဟီး မောင် ငါ ငါလိုက်ချင်တယ် ဒါပေမယ့်လေ ငါ့ကြောင့်ဒီဆောင်ကြာမြိုင်ဒုက္ခရောက်လိမ့်မယ်မောင်ရဲ့ ငါလည်းမောင်ခေါ်ရာဘယ်ဖြစ်ဖြစ်လိုက်ချင်ပါတယ် အကယ်၍ငါကြောင့်ဒီဆောင်ကြာမြိုင်ကြီး ပြာပုံဖြစ်သွားပြီးဒီမှာအလုပ်လုပ်နေတဲ့လူတွေသေမိန့်ပေးခံရရင်ဘယ်လိုလုပ်မလဲ ငါ့ကိုယ့်ငါ မစိုးရိမ်ဘူးမောင် ဒါ ဒါပေမယ့်ငါ့ကျေးဇူးရှင်တွေစုနေတဲ့နေရာကြီးငါ့ကြောင့်ပျက်စီးသွားရင် ငါကကျေးဇူးကန်းရာရောက်မှာပေါ့မောင်ရယ်"
"ကောင်းပြီ မောင်နားလည်ပြီမို့ အချစ်မငိုနဲ့နော်"
ထိုအချိန်တွင် အမင်ဂလာလို့ခေါ်ရဘလာက်တဲ့အသံဟာကျယ်လောင်စွာထွက်ကပါ်လာခဲ့သည်။"မင်ဂလာဝေါယဉ်ရောက်ရှိလာပါပြီ"
"အီးဟီး မောင် ကယ်ပါအုံး မသွားချင်ဘူး မလိုက်ချင်ဘူးလို့"
"လိုက်သွားအချစ် "
"ဟင် မောင် ငါ့ ငါ့ကိုစိတ်ပျက်သွားပြီလားဟင် အင့်ဟင့်"
"မောင်မင်းကိုခွင့်လွှတ်တယ် ဒါကြောဂ့်လိုက်သွား
ဒါပေပမယ့်မောင့်ကိုကတိတစ်ခုပေး""အင့် အီးဟီး ရွှတ် "
"မောင့်ကိုစောင့်နေပေး အချစ်တစ်နေ့မောင်မင်းကိုသူ့လက်ထဲကနေရအောင်ပြန်လုမယ် ဟင့်အင်း မဟုတ်ဘူး မောင်းမင်းကိုပြန်လာခေါ်မယ် မင်းကိုမောင်ကအရင်ထဲကပိုင်ပြီးသား ဟုတ်တယ်မို့လား"
"အင်း"
ရှောင်ကျန့်ရှိုက်သံလေးတွေထွက်နေသည်။ကျလာတဲ့နှာရည်ေတွကိုသူ့မောင်ရင်ခွင်ထဲကဝတ်ရုံစနဲ့သုတ်သည်။ပြီးတော့ကိစ္စတစ်ခုကိုသတိရသွားပြီး
"မောင် ဟိုမောင့် အဖေကဘာ ဘာဖြစ်သွားလို့လဲ"
"အချစ်မသိသေးဘူးလား မောင့်ကိုဖမ်းဝရမ်းထုတ်ထားတယ်"
"ဟင် ဘာ ဘာလို့လဲ "
"နောက်မှသေချာရှင်းပြမယ် အခုလိုက်သွားတော့ အချစ်သိထားရမှာက အချစ်နဲ့မောင်နဲ့ဝေးရတာအဲ့ဘုရင်ကြောင့်နဲ့မောင့်အဖေသေရတာလည်းအဲ့ဘုရင်ကြောင့်လို့မှတ်ထားပေး"
"ဟုတ်"
"လိုက်သွားတော့အချစ် ကြာရင် မကောင်းဘူး"
"မောင် အချစ်က မောင့်ကိုသိပ်ချစ်တယ် ငသချာပေါက်ပြန်လာခဲ့နော် အချစ်မောင်ပြန်မလာမချင်းစောင့်နေမှာ"
"အင်း မောင်လည်းချစ်သောလို့ခေါ်တဲ့သဟာဒီကအချစ်ကိုသိပ်ချစ်ပ့တယ်"
ချစ်ရသူနှစ်ယောက်ဟာငိုရင်းကနေပြိုင်တူပြုံးမိကြသည်။ရိပေါ်ရှောင်ကျန့်ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီးမှလွှတ်ပေးလိုက်သည်။နောက်ပြီးမှချစ်ရသူနှဖူးလေးကိုနမ်းကာ
"ကြောင်ချီးရုပ်လေးဖြစ်နေပြီ"
"မောင်နော် "
"သွားတော့ အချစ်"
"........."
ချစ်ရသူကချက်ချင်းမျက်နှာလေးညိုးနွမ်းသွားပြီးသူ့ကိုနှုတ်ဆက်လာသည်။ပြီးတော့အခန်းပြင်ကိုထွက်သွားပြီးမောင်ဟာလည်းပြတင်းပေါက်မှတစ်ဆင့်အခြားလမ်းသို့ဦးတည်လိုရ်သည်။ချစ်ရသူနှစ်ဦးဟာပထမဆုံးကြိမ်ချစ်လျက်နဲ့ကျောခိုင်းခဲ့ခြင်းပင်။
ဤတွင်ချစ်ရသူနှစ်ယောက်၏တွေ့ဆုံးခြင်းတစ်ခန်းပြီး၏။
ရန်တိုင်းပြည်တွင်
ရိပေါ်တစ်ယောက်ရန်နိုင်ငံရဲ့မြို့ေဈးသို့ရောက်နေခြင်းပင်။ဖုကော်ကနေထွက်လာလိုက်တာ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ရန်တိုင်းပြည်ကိုရောက်လာတာ အခုသုံးလပင်ပြည့်တော့မည်။
"ဆံထိုးလေးတွေရမယ်နော် ဆံထိုးလေးတွေရမယ်"
___________________________________________
စာလုံးရေနည်းသွားတယ် အခုတလောမupဖြစ်တာကexamနီးနေလို့ပါ အခုလည်းအချိန်ပေးပြီးရေးပေးလိုက်တာပါ နောက်ပိုင်upတာနည်းသွားပါမယ်နော် examပြီးရင်တော့နေ့တိုင်းupပေးပါမယ် စာဖတ်သူreadersများကိုအစဉ်ဂါရဝပြုလျှက်........
30.1.2024
#Jing Hong Hua🌺🌺

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့