၅နှစ်ခန့်ကြာသော်
ဖုကော်တိုင်းပြည်တွင်ပုန်ကန်မှုတစ်ခုရှိခဲ့သည်။တစ်ခါမှတုပ်တုပ်မလှုပ်ဖူးသည့်ပြည်သူတွေကပါထိုပုန်ကန်မှုတွင်ပါဝင်သည်။ဖုကော်သည်နဂိုတည်းကတစ်ချက်လွှတ်အမိန့်နဲ့အုပ်ချုပ်တာကြောင့်မင်းပါးစပ်ကထွက်သမျှစကားဟူသည်ဥပဒေဖြစ်သည်။ဒါ့ကြောင့်မည်သူမျှတုပ်တုပ်မလှုပ်ရဲပေ။ထိုဘုရင်သည်ယုတ်မာလွန်းသည့်အပြင်ရက်စက်တတ်ပြန်သေးသည်။ကာမတဏှာမလိုက်စားပေမယ့်တိုင်းပြည်ရဲ့အချောအလှတွေဆိုတော်ကောက်ပစ်သည်။ပြီးရင်တစပတ်လောက်ဂရုစိုက်ပြပြီးတစ်သက်တာစိတ်ဆင်းရဲခံခိုင်းသည်။မိဖုရားများပြားမှုကြောင့်အနောက်ဆောင်ဟာရှုပ်ထွေးလျက်ရှိသည်။အရည်အချင်းရှိသော်လည်းအလုပ်မလုပ်ပေ။ထိုဘုရင်တွင်သမီးတော်တစ်ယောက်သာရှိသည်။ထို့ကြောင့်ထိုဘုရင်မျိုးကိုပြည်သူတိုင်းကအလိုမရှိပေ။အခွန်အကောက်များပြားမှုကြောင့်လည်းပြည်သူတစ်ချို့ဟာငတ်ဘေးကိုလည်းခံစားနေရရှာသေးသည်။
ပုန်ကန်မှုတွင်ဦးဆောင်သူမှာ ရှင်း(ခေါ်)ဝမ်ရိပေါ်ပင်ဖြစ်သည်။ဝမ်ရိပေါ်သည်တော်လှန်ရေးခေါင်းဆောင်ဖြစ်သည့်အလျောက်နာမည်ပြောင်နဲ့သာလှုပ်ရှားရသည်။ထို့ကြောင့်တော်လှန်ရေးခေါင်းဆောင်ရှင်းဟုအမည်တွင်သည်။အရပ်ထဲတွင်တော့ဝမ်ရိပေါ် သူ့နာမည်အရင်းနဲ့သာနေသည်။ယခုလည်း သူနဲ့ပြည်သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်တိုင်းပြည်ရဲ့အကြီးမားဆုံးအညစ်အကြေးကိုဖယ်ရှားနိုင်လိုက်ပြီဖြစ်သည်။
အခုလည်းနန်းတော်ရဲ့ညီလာခံကျင်းပရာတွင်ရိပေါ်ဟာအမြင့်ဆုံးတွင်ရပ်နေပြီးရွှေအိုရောင်နဂါးမျက်နှာဖုံးကိုပြည်သူတွေရှေ့၌ချွတ်ပြလိုက်သည်။
"အားလုံးထဲကတစ်ချို့ကကျုပ်ကိုသိကြမယ်ထင်ပါတယ် ပြန်မိတ်ဆက်ပါရစေ ကျုပ်နာမည်ကရှင်း(ခေါ်)ဝမ်ရိပေါ်ပဲဖြစ်ပါတယ် ဒီနေ့ကျုပ်အားလုံးကိုအခွင့်အရေးပေးပ်မယ် အဲ့တာကဒီပုလ္လင်ပေါ်ထိုင်နိုင်မယ့်အခွင်းရေးလည်းဖြစ်တယ် ကျုပ်နဲ့အပြိုင်ကျုပ်ကိုရှုံးအောင်တိုက်နိုင်တဲ့သူရှိရင်အရှေ့ထွက်လာခဲ့ပေးပါ ကျုပ်ရှုံးရင်ဒီပုလ္လင်ဟာကျုပ်ကိုရှုံးအောင်တိုက်နိုင်တဲ့သူအတွက်ပဲ"

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့