အပိုင်း (၂)

381 15 7
                                    

《လူတစ်​ယောက်က ဘယ်​လောက်အတိုင်းအတာထိ ချစ်မြတ်နိုးနိုင်ပါသလဲ》

​တိုက်​အောက်ရှိ ​သွေးချင်းချင်းနီ​နေသည့် ​သွေးဆီသို့ မှိုင်းလျှံ ​ပြေးရပြန်သည်။ ပါးစပ်က​နေလည်း 'မ​သေပါ​စေနဲ့' 'မ​သေပါစေနဲ့'ဟု ထပ်ခါတလဲလဲ ​ရေရွတ်ရင်း လက်ကလည်း ဖုန်းနံပါတ်တစ်ခုကို နှိပ်​နေမိသည်။ ​လှေကားထစ်​တွေက ဒီ​နေ့ကျမှ များလိုက်တာကွာဟု စိတ်အချဥ်​ပေါက်စွာ ​ရေရွတ်မိသည်။ ​အောက်သို့ ​ရောက်ချင်သည့်စိတ်သည် မှိုင်းလျှံ၏​ခြေလှမ်းများကို ​နှေး​ကွေး​စေခဲ့ဟန်တူသည်။

​လေးထပ်​မြောက်က​နေ သူပါ ခုန်ချပစ်ချင်စိတ်ကိုလည်း မနည်းထိန်းထားရသည်။ သူ အဲ့ဒီတစ်​ယောက်တည်းကိုပဲ ချစ်ပါ​တော့မည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်သည် လွန်စွာမှ ​နှောင်းသွားခဲ့ရသည်။ အချိန်​တွေသာ ​နောက်ပြန်လှည့်လို့ရရင် လှည့်ပစ်လိုက်ချင်ပါရဲ့။

ဓါတ်​လှေကားကို မ​စောင့်နိုင်လို့သာ ​လှေကားက​နေ ​ပြေးဆင်းလာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ဘယ်အရာကိုမှ မမြင်​တော့တာလည်း ဖြစ်သည်။ ​တိုက်​အောက်​ခြေတွင် ငြိမ်ငြိမ်သက်သက် လှဲ​နေမည့် ​​ရောင်နီသွေးကိုသာ မျက်စိထဲ မြင်​နေမိသည်။

မှိုင်းလျှံ​ အောက်ကို ​ရောက်​တော့ လူကြီးလူငယ်များ တိုက်ရှိ ​နေထိုင်သူများ ဝိုင်း​နေကြသည်ကို ​တွေ့ရသည်။ မည်သူမှလည်း မထိရဲ မကိုင်ရဲဖြစ်​နေကြသည်။ သူတို့ကို အမှုပတ်မှာကိုလည်း ​ကြောက်ပုံရသည်။ ​နောက် ​ယောက်ျား​လေးအချင်းချင်းတွဲ​နေသည့်သူကို မထိ​တွေ့ချင်တာလည်း ဖြစ်ပါလိမ့်မည်။

တိုက်အတွင်းရှိ ​နေထိုင်သူများမဟုတ်သည့် သူများကိုလည်း ​ထိုအုပ်စုထဲတွင် တွေ့ရသည်။ မှိုင်းလျှံ လာ​တော့ အားလုံးက အလျှိုအလျှို ဖယ်​ပေးကြသည်။ သူတို့ပါးစပ်က​နေလည်း ထိုသို့ဆိုကြသည်။

" ကိုယ့်ကိုယ်ကို သတ်​သေတာထင်တယ် "

" ဒါ ဘုရားက အပြစ်​ပေးတာပဲ​ပေါ့။ မလုပ်သင့်တာကို လုပ်ကြတာကို​ကွယ်။ "

" အို...သတ်​သေမယ်ဆိုလည်း ဒီတိုက်မှာမှ သတ်​သေရသလားလို့​အေ။ အိမ်မှာက က​လေး​တွေ ရှိပါတယ်ဆိုကာမှ။ ​ကြောက်​နေကြ​တော့မှာပဲ။ "

​ကြွေ (Complete)Where stories live. Discover now