အပိုင်း (၁၇)

85 5 4
                                    

《သူ့ကို ဆုံးရှုံးရမှာကို ​ကြောက်ရွံ့လာမိ​ပါသည်။ 》

ကုတင်​ပေါ်တွင် ငြိမ်သက်စွာ လှဲ​လျောင်းအိပ်စက်​နေ​သော ​ရောင်နီ​သွေးသည် အနည်းငယ်မျှ လှုပ်စပြုလာ၏။ လက်​ချောင်းက​လေးများ လှုပ်ရှားစပြုလာ၏။ မျက်​​တောင်က​လေးများ တလှုပ်လှုပ်နှင့် မငြိမ်။ ဤသည်ကို မည်သူမျှ မမြင်လိုက်ခြင်းအတွက်​တော့ စိတ်မ​ကောင်းစရာ ဖြစ်​​နေခဲ့​တော့၏။

မှိုင်းလျှံသည် အခန်းပြင်ပတွင် လူတစ်​ယောက်နှင့် စကား​ပြော​နေခဲ့ပါသည်။ ​ရောင်နီ​သွေးနှင့် စသိကာစက​တောင် မပြုံးမရယ်တတ်သည့်သူသည် ​သွေးသက်တန့်နှင့်ကျ​တော့ လက်ဆုံကျစွာ ပြုံးရယ်လျက် ရှိ​နေ၏။

" ဟိုတစ်ခါ ကျွန်​တော် ​မေးထားတဲ့​မေးခွန်းအတွက် အ​ဖြေရပြီလား ကိုမှိုင်းလျှံ။ "

" မရ​သေးဘူးထင်တယ်။ ကျွန်​တော် မစဥ်းစားရ​သေးဘူးဖြစ်​နေတယ်။ စိတ်​တော့ မဆိုးပါနဲ့​။ "

" ကျွန်​တော်က စိတ်မဆိုးတတ်ပါဘူး။ လူတစ်​ယောက်မှာ သူ့အ​ကြောင်းပြချက်နဲ့သူ ရှိ​နေကြတာပဲ​လေ။ ဒီ​နေ့မ​ဖြေနိုင်လည်း ​နောက်နေ့​ပေါ့။ "

" အို​ခေဗျာ။ ကျွန်​တော် အဲ့ဒီ​မေးခွန်းကို စဥ်းစားထားပါ့မယ်။ "

" ဪ...ဒါနဲ့ ကို​ရောင်နီ​သွေးရဲ့ သတင်းကို လိုင်း​ပေါ်မှာ ​တွေ့လိုက်​သေးတယ်။ ကိုမှိုင်းလျှံ အဆင်​ပြေရဲ့လား။ "

" ကျွန်​တော်က ​ပြေပါတယ်။ မ​ပြေတာက သူဖြစ်မှာပါ။ ကျွန်​တော့်ကြောင့်နဲ့ သူ အဲ့ဒီကုတင်​ပေါ်မှာ လှဲ​နေရတာ​လေ။ သူ ပြန်နိုးလာမှ ဖြစ်မှာ။ ကျွန်​တော် သူ့ကို လက်မလွှတ်လိုက်နိုင်ဘူး။ အဲ့ဒါကို ​နောက်မှ သိခဲ့ရလို့လည်း ​​နောင်တရတယ်။ ကျွန်​တော် ​စော​စော သိခဲ့သင့်တယ်။ အခု​တော့ အဲ့ဒီအပြစ်ကို ဆပ်​နေရပြီ​ပေါ့ဗျာ။ "

မှိုင်းလျှံ ခပ်ဟဟက​လေး ရယ်သံစွက်လိုက်မိသည်။ ထိုရယ်သံသည် စိတ်လိုလက်ရ ရယ်ခြင်းမျိုးလည်း မဟုတ်ခဲ့ပါ။ မျက်လုံးများသည် ရီ​ဝေစွာ ရှိ​နေကြသည်ကို ​သွေးသက်တန့်တစ်​ယောက် မြင်လိုက်မိပါသည်။ ထို့အတွက်လည်း စိတ်မ​ကောင်းပါ။

​ကြွေ (Complete)Where stories live. Discover now