အပိုင်း (၁၆)

134 6 4
                                    

《 အချစ်၏ တစ်ဖက်ခြမ်းတွင် မည်သည့်ပုံစံရှိမည်နည်း။ 》

​လောကတွင် ဖုံးကွယ်လို့မရသည့်အရာသည် အမှန်တရားတစ်ခုသာ ဖြစ်ပါသည်။ ယခုလည်း ဖုံးကွယ်ထားတာမဟုတ်​သော်လည်း ​ရောင်နီ​သွေး၏ သတင်းကို မည်သူကမျှ ထုတ်​ဖော်​ခြင်း မပြုခဲ့ကြသည်မှာ တစ်စုံတစ်​ယောက်၏ လက်ချက်​ကြောင့် အင်တာနက်တွင် ပျံ့နှံ့သွားခဲ့ရပါသည်။

ထိုပျံ့နှံ့မှုသည် ကမ္ဘာတစ်ဝှမ်းသို့ ဟိုး​လေးတ​ကြော် ဖြစ်သွားခဲ့ပါသည်။ ဘာ​ကြောင့်ဆိုသည့် အ​ကြောင်းပြချက်ကို​တော့ ​​​ရေ​ရေရာရာ မ​ရေးသားထားပဲ ကျန်မာ​ရေးချို့ယွင်းချက်​ကြောင့် ကိုမာဝင်သွားသည်ဟုသာ မီဒီယာတစ်ခွင်တွင် နာမည်ကြီး​ဆောင်းပါးအ​နေဖြင့် ရပ်တည်​နေခဲ့ပါသည်။

​" အချစ်၊ ​မောင် လွမ်းလှပြီ။ ​မောင် အချစ်ကို မခွဲနိုင်ဘူး​နော်။ ​မောင် ​တောင်းပန်ပါတယ်။ ​မောင့်အမှားကို ​မောင် သိပြီ။ ဒါ​ကြောင့် ​မောင့်​တောင်းပန်စကားကို နား​ထောင်ပါဦးလားကွာ။ ထပါ အချစ်ရာ။ ထစမ်းပါ။ ​မောင့်ကို တစ်ခုခုသာ လုပ်ပစ်စမ်းပါ။ "

အကြိမ်​ပေါင်းမနည်း ​ရေတွက်၍ပင်မရတော့သည့် ငို​ကြွေးခြင်းများသည် သည်တစ်​ခေါက်လည်း အရာမထင်ခဲ့ပါ​ချေ။

ကိုထွန်းညိုတို့ ရုံး​ရှေ့တွင်​တော့ မီဒီယာများအဖွဲ့မှ ရုံးရုံးစုစု ဖြစ်​နေကြပြီဖြစ်ပါသည်။ ကိုထွန်းညိုက ဤသတင်းအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း​ကြောင့် ဖြစ်ပါသည်။ အ​ကြောင်းအရာကို ​သေချာတပ်အပ်သိချင်​နေကြ​သော သတင်း​ထောက်လှမ်းသူများက​တော့ ပွဲမစခင်ပင် စုရုံးစွာ တည်ရှိ​နေကြပါ၏။

ရှင်းလင်းထုတ်ပြန်ပွဲကို ရုံး၏ ​အောက်ဆုံးထပ်ဖြစ်​သော ​​ကော်ဖီစင်တာ၌ ပြုလုပ်၏။ မီဒီယာများက​တော့ သူတို့တွင် ပါလာ​သော ကင်မရာများ၊ လပ်​တော့များဖြင့် အလုပ်ရှုပ်​နေကြ၏။ သတင်း​ရေးမည့်သူကလည်း မျက်စိကို ရှင်ရှင်ထား​နေ၏။

ကိုထွန်းညို ထွက်လာသည့်အခါ အားလုံး​သော သတင်း​​ထောက်များသည် ကိုထွန်းညိုဘက်သို့ ဦးတည်သွားကြ၏။

​ကြွေ (Complete)Where stories live. Discover now