အပိုင်း (၁၂)

87 3 7
                                    

《လူတစ်​ယောက်မှာ စည်းဆိုတာ ရှိသင့်တယ်》

ထွန်းညို ရုံးခန်းထဲမှ အပြင်ဘက်သို့ ​ငေးစိုက်ကြည့်​နေမိ၏။ ရုံးခန်း၏ အကာကို ဖန်ဖြင့် ပြုလုပ်ဖန်တီးထားသည့်အတွက် အပြင်ဘက်သို့ ရှင်းလင်းစွာ မြင်​နေရသည်။ အ​ပေါ်မှ အုပ်မိုးကာ ​အားလုံးကို မြင်​တွေ့​နေရသည်။ လူသွားလူလာ ရှုပ်ယှက်ခတ်​နေသည့် လမ်းက​လေးသည် ယခင်​နေ့များကဲ့သို့ပင် ဖြစ်​နေ​သော်လည်း၊ ​လူအများဟာ ယခင်​နေ့များကဲ့သို့ ပြုမူလှုပ်ရှား​နေ​သော်လည်း သူ့အတွက် ပုံမှန်ဖြစ်မ​​နေခဲ့ပါ။

ရောင်နီ့ကို ​တွေ့ချင်သည့်စိတ်အစဥ်ကို ချုပ်တည်း​နေရသည်။ သူ့​ဘေးတွင် သူ၏ချစ်သူတစ်​ယောက်လုံး ရှိ​နေခြင်းသည် သူ့ကို ​ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်မှန်း သူ၏နှုတ်မှ မဖွင့်ဟလာသည့်တိုင် မိမိဘက်မှ နားလည်နိုင်သွားရသည်။ မိမိချစ်မြတ်နိုးလှပါ​သောသူသည် တစ်ခါမှ သူ့အချစ်ကို မဖွင့်ဟဖူးပါလျက် သူ့​ဘေးနားကလူကို​တော့ ချစ်ပါသည်ဟု ​ပြောဖူးလိမ့်မည်။ ဤအ​ကြောင်းကို ​တွေးမိသည်နှင့် ထွန်းညို မျက်ရည်က​လေး ဝဲလာရသည်။ အနှစ်နှစ်အလလ ကြိုးစားတည်​ဆောက်​ခဲ့သော်ငြား အရာမထင်ခဲ့သည့် သူ့အဖြစ်ကို ဝမ်းနည်းမိ၏။

​​ရောင်နီရာ ဘာ​ကြောင့်များ ​တိုက်​ပေါ်က ခုန်ချလိုက်ရတာလဲ။ ကိုယ်ချစ်တဲ့သူတစ်​ယောက်လုံး ​ဘေးမှာ ရှိ​နေပါလျက်နဲ့ ဘာ​တွေကများ ​သတ်​​သေ​စေနိုင်​လောက်တဲ့အထိ ဖြစ်သွားရတာလဲ။ မင်းသာ ​သေသွားမယ်ဆိုရင် ကိုယ် ဘယ်လို​နေရ​တော့မလဲ။ ကိုယ့်ကို မချစ်​ပါဘူးလို့ ငြင်းပယ်ထားတဲ့သူ​ကို မုန်းတယ်ဆိုပြီး လိမ်ညာ​နေရတာလည်း ​မော​နေပြီ။ ကိုယ် ဘာဆက်လုပ်သင့်သလဲ။

ထွန်းညို ​ကောင်းကင်​ပေါ်သို့ အကြည့်​ပို့လိုက်လျှင်ပဲ ​​ကောင်းကင်တစ်ခွင်ဟာ ညို​မောင်းလာရ​တော့သည်ကို သတိပြုမိရ​တော့၏။ မိုးရွာ​တော့မယ်ထင်တယ်။ ​ကောင်းကင်သည် ပိုပို၍ ​မှောင်လာခဲ့သည်။ ​မိုးစက်များလည်း တ​ဖြေး​ဖြေးနှင့် တစ်စက်ချင်း ကျဆင်းလာ​တော့သည်။ ပထမ​တော့ မိုးဟာ မသိမသာ ရွာဆင်းလို့ ​နေ၏။ ​နောက်​တော့ မိုးဟာ အငြိုးကြီးစွာဖြင့် ရွာသွန်း​လေ​တော့သည်။

​ကြွေ (Complete)Where stories live. Discover now